မုပွန်ရဲစခန်းတွင် စစ်ဆေးဆဲ တရားခံ ၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးဆဲ တရားခံ ၄ ဦး ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီခွဲခန့်က အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည်ဟု မုပွန်နယ်မြေရဲစခန်းမှ သိရသည်။ ရဲစစ်ဆေးဆဲ အချုပ်သားတရားခံ ၉ ဦးရှိသည့်အနက် တရားခံ ၄ ဦးက အချုပ်ခန်းသံတိုင်တစ်ချောင်းကို...

မွန်တွင် နေရာပေါင်း ၁၂၀၀ ကျော် မဲစာရင်း ကပ်မည်

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် မွန်ပြည်နယ်တစ်ခုလုံး၏ အခြေခံ မဲဆန္ဒရှင်စာရင်းကို ရပ်ကွက် ကျေးရွာပေါင်း ၁၂၆၈ နေရာတွင် ကပ်မည် ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ မဲဆန္ဒရှင်စာရင်းကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ...

မွန်အမျိုးသား ကျောင်းဆရာ/ဆရာမများ ညီလာခံကျင်းပ

မွန်ပြည်သစ်ပါတီ အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အ မျိုးသားကျောင်းများမှ ကျောင်းဆရာ/ ဆရာမများ ညီလာခံတစ်ရပ်ကို ရေး ချောင်းဖျားဒေသ၊ ညီစားရွာရှိ ဗဟိုမွန် အထက်တန်းပညာရေးဌာနတွင် ကျင်းပ လျက်ရှိသည်။ အဆိုပါ ဆရာ/ဆရာမများ ညီလာခံ ကို မွန်အမျိုးသားပညာရေးကော်မတီ...

တိုင်းရင်းသား အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ပေးသွားမည်

တိုင်းရင်းသားလူမျိုးများ၏ အမည်နာမရှေ့တွင် လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်း ဖော်ပြပေးသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဦးထွန်းမင်းအောင်က ပြောသည်။ တိုင်းရင်းသားလူမျိုးတို့၏ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာ တို့တွင် ၎င်းတို့၏ နာမ၀ိသေသ လက္ခဏာများအား ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ယခင်က...

မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များ ပုံမှန်ပြန်ပြေးဆွဲ

မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် မီးရထားခရီးစဉ်များကို မတ်လ ၂၅ ရက်နေ့ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေကြောင်း မော်လမြိုင်ဘူးတာကြီးထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် မတ်လ ၁၈ ရက် နံနက်ပိုင်းက ကျောက်တင်ရထား...

မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း၌ မဲရုံပေါင်း ၉၃၄ ရုံထားရန်လျာထားပြီး တပ်မတော်သား များအတွက် တပ်တွင်းမဲရုံ ၆၁ ရုံ ထား မည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တပ်တွင်းမဲရုံများအတွက် မဲရုံဝန် ထမ်းကို တပ်မတော်သားများအားခန့် ထားမည် မဟုတ်ဘဲ ရွေးကောက်ပွဲ...

ဘီးလင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည့် ဦးသန်းထွန်းဝင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးသန်းထွန်းဝင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းခန့်က အလူးလေးကျေးရွာ ခြင်္သေနှစ်ကောင်မုခ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အမည်မသိ...

မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်

မွန်ပြည်နယ် မော်လမြိုင်အခြေပြု မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ထံမှ သိရသည်။ အဆိုပါ ခရီးစဉ်ကို ယခင်က မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲခဲ့သည့် ထီးလှိုင်ရှင်သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ် ပြီး နိုဝင်ဘာလအတွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ "မော်လမြိုင်နဲ့...

အသံချဲ့စက် ကျယ်လောင်စွာဖွင့်သည့် ကံစမ်းမဲ လက်မှတ်ရောင်းသူကို အမှုဖွင့်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဖလပ် ရပ်ကွက်တွင် ခွင့်ပြုမိန့်မရှိဘဲ အသံချဲ့ စက် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းသူတစ်ဦးကို အမှုဖွင့် ထားကြောင်း ယင်းရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးမင်းတင်ဖေက ပြောသည်။ အသံချဲ့စက် ကျယ်လောင်စွာဖွင့်ပြီး ကံစမ်းမဲ လက်မှတ်ရောင်းနေသူအား ဖလပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ...

ဘီးလင်းတွင်တိုက်ပွဲဖြစ်ပြီး ရွာခြောက်ရွာက ဒေသခံထောင်နှင့်ချီထွက်ပြေးနေရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ကျေးရွာ ခြောက်ရွာက ထောင်နှင့်ချီသည့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း ထွက်ပြေးနေရသည့်ဒေသခံတို့ထံမှ သိရသည်။ အလူးလေးကျေးရွာအနီးတွင် စက်တင်ဘာလ ၄...