ဆောင်းဘောက်ဆူညံသံပြဿနာ ထိန်းချုပ်ရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

မွန်ပြည်နယ်အတွင်း ဆူညံစွာဖွင့်နေသည့် ဆောင်းဘောက်ပြဿနာကို ထိန်းချုပ်ရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။  ပွင့်လင်းရာသီကာလ အလှူပွဲများ၊ ဘုရားပွဲများတွင် ဆူညံစွာ ဖွင့်နေသည့် ဆောင်းဘောက်သံများ ထိန်းချုပ်ရေး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့်...

MCL ဘိလပ်မြေစက်ရုံကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုရှိ မရှိ ပုံမှန်စစ်ဆေးနေ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ Mawlamyine Cemant Ltd. (MCL) ကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု ရှိ/မရှိကို လစဉ်ပုံမှန်စစ်ဆေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးထံမှ သိရသည်။

မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ကျင်းပမည်

မွန်ပြည်နယ်လွှတ်တော် အထူးအစည်း အဝေးကို လာမည့် ဇွန်လ ၁၂ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည် နယ် လွှတ်တော်ရုံးထံမှ သိရသည်။ အစည်းအဝေးကို သုံးရက်ကျင်းပမည် ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောသည်။

ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင် အိမ်ခြေ ငါးပုံလေးပုံခန့် လေဘေးသင့်

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ ကုလားဂုတ်ကျွန်း အောက်ဆိပ်တွင်လေပြင်းတိုက် ခတ်မှုကြောင့် အိမ်ခြေ ငါးပုံလေးပုံခန့်မှ လူဦးရေနှစ်ထောင်နီးပါး လေဘေးသင့်ခဲ့ကြောင်း ကုလားဂုတ်ကျွန်းအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဇန်န၀ါရီလ ၈ ရက် နံနက် ၇ နာရီခွဲ အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အိမ်ခြေ ၅၀၀ ခန့်ရှိသည့် ကုလားဂုတ် ကျွန်းအောက်ဆိပ်တွင် နေအိမ်...

မွန်တွင် မသန်စွမ်း သောင်းနှင့်ချီ မဲပေးခွင့် ဆုံးရှုံးဖွယ်ရှိ

နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ သောင်းနှင့်ချီ၍ မဲပေး ပိုင်ခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု မွန်ပြည်နယ်၊ မသန်စွမ်းသူများအသင်း ဥက္ကဋ္ဌ စောအောင်သိမ်းတင်က ပြောသည်။ မွန်ပြည်နယ် မသန်စွမ်းသူများ အသင်း၏...

မွန်ပြည်နယ် ကိုယ်စားပြုအလံ အတည်ပြု

မွန်ပြည်နယ် ကိုယ်စားပြုအလံ အဖြစ် အနီရောင်အောက်ခံ ရွှေဟင်္သာပါ အလံကို မွန်ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။ မွန်ပြည်နယ်ကိုယ်စားပြုအလံကို လွှတ်တော်တွင် ရွေးချယ်အတည်ပြုရန် ပြည်နယ်အစိုးရအဖွဲ့မှ လွှတ်တော် ဥက္ကဋ္ဌထံသို့ အကြောင်းကြားလာခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက အပြာရောင်အောက်ခံနှင့် ရွှေဟင်္သာပါသည့် အလံ(မူကြမ်း)...

မွန်ပြည်နယ်တွင် အကျဉ်းသား ၈၆၁ ဦး လွတ်မြောက်

နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနှစ် တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်း အသီးသီးတို့မှ အကျဉ်းသား ၈၆၁ ဦး မေလ ၇ ရက် က လွတ်မြောက်လာကြသည်ဟု မော်လမြိုင် အကျဉ်းထောင်ဦးစီးဌာနထံမှ သိရသည်။ လွတ်မြောက်လာသူများအနက်မှ မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော...

ကျိုက်မရောရှိ ရှေးဟောင်းသမိုင်းဝင် ခရုံဂူ ပြုပြင်မွမ်းမံမည်

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ သဘာ၀ထုံးကျောက်လိုဏ်ဂူတစ်ခုဖြစ် သည့် ခရုံဂူကို ပြုပြင်မွမ်းမံမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(မော်လမြိုင်ဌာနခွဲ)ထံမှ သိရသည်။ သဘာ၀ထုံးကျောက်လိုဏ်ဂူအမျိုး အစားဖြစ်သည့် ခရုံဂူကို ၁၉၇၅ ခုနှစ် မှစကာ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန အမျိုးသားပြတိုက်ဦးစီးဌာနတို့က ထိန်းသိမ်းထားသည်။ နှစ်ကာလကြာမြင့်လာပြီး ပြုပြင်ထိန်းသိမ်းမှုအားနည်းသောကြောင့် ခရုံဂူအတွင်းရှိ ရှေးဟောင်းဘုရားဆင်းတု တော်များ...

အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထား

မွန်ပြည်နယ်အတွင်း ထားရှိမည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ၁၅၀ဝ၀ ကျော် လျာထားသည်ဟု မွန်ပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။ ၎င်းတို့အနက် မဲရုံမှူးတာဝန်အတွက် ၉၅၈ ဦး၊ ဒုမဲရုံမှူးအတွက် ၉၅၅ ဦးနှင့် မဲရုံအဖွဲ့ဝင်အတွက်...