မွန်ပြည်နယ်တွင် အကျဉ်းသား ၈၆၁ ဦး လွတ်မြောက်

0
913
ဓာတ်ပုံ -Dawei Watch

နိုင်ငံတော်သမ္မတ၏ ၂၀၁၉ ခုနှစ် တတိယအကြိမ် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်ဖြင့် မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်း အသီးသီးတို့မှ အကျဉ်းသား ၈၆၁ ဦး မေလ ၇ ရက် က လွတ်မြောက်လာကြသည်ဟု မော်လမြိုင် အကျဉ်းထောင်ဦးစီးဌာနထံမှ သိရသည်။

လွတ်မြောက်လာသူများအနက်မှ မွန်ပြည်နယ်အတွင်းရှိ ကျိုက်မရော (မော်လမြိုင်) အကျဉ်းထောင်မှ ၂၉၈ ဦး၊ သထုံအကျဉ်းထောင်မှ ၁၂ ဦး၊ အင်္ဂပို ကုန်ထုတ်စခန်းမှ ၆၆ ဦး၊ ဇင်းကျိုက် ကုန်ထုတ်စခန်းမှ ၈၉ ဦး၊ ရင်းငြိမ် ကုန်ထုတ်စခန်းမှ ၁၁၅ ဦး၊ အင်းဗြောင် ကုန်ထုတ်စခန်းမှ ၁၁၃ ဦး၊ မုပ္ပလင်ကုန်ထုတ် စခန်းမှ ၁၂၆ ဦး၊ တောင်စွန်းကုန်ထုတ်စခန်း မှ ၄၂ ဦး စုစုပေါင်း ကျား ၈၀၅ ဦးနှင့် မ ၅၆ ဦး စုစုပေါင်း ၈၆၁ ဦး ပါဝင်သည်။

လွတ်မြောက်လာသည့် အကျဉ်းသားအများစုသည် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အကျဉ်းကျခံနေရသူများဖြစ် ကြောင်း မော်လမြိုင်အကျဉ်းထောင်ဦးစီး ဌာနထံမှ သိရသည်။

နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ် ငြိမ်းသက်သာခွင့်အမိန့်အရ ၂၀၁၉ ခုနှစ် မေလ ၇ ရက်တွင် ကျဉ်းထောင်/စခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား/သူ စုစုပေါင်း (၆၅၂၀) ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ယဉ်စနိုင်း