လိုင်စင်မရှိဘဲ မြစ်သဲကျောက်တူးဖော်ပါက တိုင်ကြားကြရန် မွန်သယံဇာတနှင့် ပတ်ဝန်းကျင်ဝန်ကြီးပြော

မွန်ပြည်နယ်အတွင်း တရားဝင် လိုင်စင်မရှိဘဲ မြစ်ချောင်းများအတွင်း သဲကျောက်တူးဖော်မှုများရှိပါက တိုင်ကြားကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။ တရားမဝင်သဲကျောက်တူးဖော်မှုများကို အထောက်အထားအပြည့်အစုံဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် တရားမ၀င် ဓာတ်သတ္တုတူးဖော်မှု တားဆီးကာကွယ် ရေးကော်မတီများထံ တိုင်ကြားကြရန် ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုခြင်း ဖြစ်သည်။ “လုပ်ငန်းလိုင်စင်မရှိဘဲ သဲကျောက်တွေ တူးဖော်နေတယ်ဆိုရင် အထောက်အထား...

ကရင်ပါတီ ဝင်မပြိုင်သည့်နေရာတွင် မွန်နှင့် ပအိုဝ်းပါတီတို့ကို မဲပေးရန် ကရင်လူငယ်ကွန်ရက် တိုက်တွန်း

ကရင်နိုင်ငံရေးပါတီ ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်တို့တွင် မွန်လူမျိုးကိုယ်စားပြု မွန်ပါတီနှင့် ပအိုဝ်း လူမျိုးကိုယ်စားပြု ပအိုဝ်းပါတီတို့ကို မဲပေးကြရန် ကရင်လူငယ်ကွန်ရက် (မွန်ပြည်နယ်)က တိုက်တွန်းလိုက်သည်။ တိုင်းရင်းသားတို့၏အရေး၊ တိုင်းရင်းသားတို့၏ ပြဿနာကို တိုင်းရင်းသားတို့ကသာ ဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် တိုင်းရင်းသားပါတီများကို...

လူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ မွန်လွှတ်တော် တိုက်တွန်း

မွန်ပြည်နယ်အတွင်း လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism CBT) ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်ပြီး  တိုက်တွန်းလိုက်သည်။ ပြည်နယ်အတွင်း CBT လုပ်ငန်း စတင်လုပ်ဆောင်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့က အစီအစဉ်ချမှတ် ဆောင်ရွက်သွားရန် ဖေဖော်ဝါရီလ ၂၅ ရက်က ကျင်းပခဲ့သည့်...

ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်း ၃၀ဝ ကျော် စာရင်းတင်သွင်း

နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း ၃၀၃ ဦး စာရင်းတင်သွင်းထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်းများ စာရင်းတင်သွင်းရမည့် နောက်ဆုံးရက်...

ငါးဖမ်းကွက်လေလံ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော်ရ

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ငါးဖမ်း လုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်း ရှိ သံလွင်မြစ်၊ အတ်္ထရံမြစ်နှင့် ဂျိုင်းမြစ် တို့တွင် ဖမ်းနေသည့် ငါးဖမ်းကွက် (ငါးဖမ်း ပိုက်ချက်)များကို လေလံတင်ရောင်းချ ခဲ့ရာ ကျပ်သိန်းပေါင်း ရှစ်ထောင်ကျော် ရခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။ မော်လမြိုင်၊ ပေါင်၊...

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ တစ်လအတွင်း နှစ်ဆနီးပါးတိုး

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုအခြေအနေသည် တစ်လအတွင်း နှစ်ဆနီးပါး တိုးလာသည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှိထံမှ ရရှိသည့် စာရင်းအရ သိရသည်။ ပြည်နယ်အတွင်း သွေးလွန်တုပ် ကွေးကူးစက်ဖြစ်ပွားမှုသည် ဇူလိုင်လ ၁၄ ရက်နေ့အထိ ၄၉၀...

အား/ကာသိပ္ပံတက်ရန် တနင်္သာရီမှ အားကစားသမား လေးဆယ်ဦးခေါ်ယူ

၂၀၂၀ ခုနှစ်တွင် ရန်ကုန်အားကစား သိပ္ပံနှင့် မော်လမြိုင်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတက်ရန်အတွက် တနင်္သာရီတိုင်းမှ အားကစားသမား လေးဆယ်ဦးကို ခေါ်ယူထားကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ရန်ကုန်အား/ကာသိပ္ပံတွင်တက်ရောက် ရန်အတွက် အားကစားသမား ၈ ဦးနှင့် မော်လမြိုင်အား/ကာသိပ္ပံတက်ရန်အတွက် အားကစားသမား ၃၂ ဦးကိုခေါ်ယူထား ခြင်းဖြစ်ကြောင်း အထက်ပါဦးစီးဌာန...

မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်

မွန်ပြည်နယ် မော်လမြိုင်အခြေပြု မော်လမြိုင်-ဘားအံ သံလွင်မြစ်ကြောင်း အပျော်စီးသင်္ဘောခရီးစဉ် ပြေးဆွဲမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူ ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ထံမှ သိရသည်။ အဆိုပါ ခရီးစဉ်ကို ယခင်က မော်လမြိုင်-ချောင်းဆုံသို့ ပြေးဆွဲခဲ့သည့် ထီးလှိုင်ရှင်သင်္ဘောဖြင့် ပြေးဆွဲမည်ဖြစ် ပြီး နိုဝင်ဘာလအတွင်း စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ "မော်လမြိုင်နဲ့...

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာရွေးချယ်ခံရ

မွန်ပြည်သစ် ပါတီ ၁၀ ကြိမ်မြောက် ညီလာခံတွင် ပါတီခေါင်းဆောင်အပြောင်း အလဲရှိပြီး ယခင်ပါတီ ဒုဥက္ကဋ္ဌဖြစ်သည့် နိုင်ဟံသာက ပါတီဥက္ကဋ္ဌအဖြစ် ရွေးချယ် ခံရသည်ဟု မွန်ပြည်သစ်ပါတီထံမှ သိရသည်။ ယခင် မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ...

မဲဆန္ဒနယ်ပြင်ပရောက်သူများကို ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်

လာမည့်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ် ပြင်ပရောက်သူများကို ကြိုတင်မဲဖြင့်သာ ဆောင်ရွက်သင့်သည် ဟု တိုင်းရင်းသားပါတီတို့က ထောက်ပြ ကြသည်။ မဲဆန္ဒနယ်ပြင်ပရောက်သူများ အနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေး...