သထုံ နေရာခြောက်ခုတွင် ဗုံးဆက်တိုက်ပေါက်ကွဲ၊ လူတစ်ဦး ဒဏ်ရာရ

မွန်ပြည်နယ် သထုံမြို့ပေါ် နေရာခြောက်ခု၌ ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီးတွင် သထုံမြို့ပေါ်ရှိ...

လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းထွန်းဦး (ကိုစကစ်) ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင်...

မွန်တွင် ကိုဗစ်လူနာအသစ်များ ပြန်တွေ့

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှစကာ ကိုဗစ်ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။

၂ နှစ်နီးပါးရပ်ထားသည့် မွန်ကျောက်သင်ပုန်းလုပ်ငန်း ပြန်လည်ပတ်စပြု

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) က ၂ နှစ်နီးပါး ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်ပတ်စပြုနေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ကိုဗစ်စဖြစ်ကတည်းက ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ယခုအခါ ကျောင်းများ၊ ကျောက်သင်ပုန်းရောင်းသည့် ဆိုင်များ...

ပေါင် ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

မွန်ပြည်နယ် ပေါင်မြို့ မြို့မရဲစခန်းတွင် အကျဉ်းကျနေသည့် အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်ခံထားရကြောင်း သိရသည်။ ပေါင်မြို့မရဲစခန်းတွင် နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဒီဇင်ဘာ ၁၀ ရက်နေ့က...

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ယမန်နေ့ညက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်က သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ထိပ်တန်း အရက်ချက်...

သံဖြူဇရပ် နာရေးကူညီမှုအသင်းဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ချ

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သားခြောက်ဦး၏ အလောင်းကို ဓာတ်ပုံရိုက်ပြီး Facebook တွင်တင်သည် ဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရုပ်အလောင်း...

ဘုရားသုံးဆူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ်...

သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။ သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က...

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ...