တစ်ပတ်အတွင်း မြန်မာ့ရေးရာ

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ လူငယ်တွေကို...

မော့ကနင်ရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားတစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မော့ကနင်ကျေးရွာကို စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံတို့ ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ...

မြေပုံမြို့ကို AA သိမ်းယူ၊ မြို့နယ်အဆင့်မြို့ ခြောက်မြို့အထိ သိမ်းယူထား

ရခိုင်ပြည်နယ် မြေပုံမြို့ကို ထပ်မံသိမ်းယူလိုက်ပြီး မြို့နယ်အဆင့်ရှိသည့်မြို့ ခြောက်မြို့ကို သိမ်းယူထားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ စစ်ဆင်ရေး သုံးလတာကာလအတွင်း မြို့နယ်အဆင့်မြို့များဖြစ်သည့် ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ်...

သထုံတွင် ကားတိုက်မှုဖြစ်ပြီး လူခုနစ်ဦးသေဆုံး

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက ကားတိုက်မှုဖြစ်ပွားပြီး အမျိုးသမီး နှစ်ဦးအပါအဝင် ခုနစ်ဦး သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မိုးကောင်းကျေးရွာအုပ်စု၊ ကရင်လေးဆိပ်ကျေးရွာ မော်လမြိုင်-ရန်ကုန်ကားလမ်းတွင် ယနေ့...

ရှားတောမြို့ကို ကရင်နီတော်လှန်ရေးအဖွဲ့များသိမ်းယူ

ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက သိမ်းယူလိုက်ပြီး စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် ၁၆၀ ကျော် သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်သည်။

တပ်မမှူးနှင့် ဗျူဟာမှူးနှစ်ဦးကို AA က ဖမ်းမိထားပြီး နှစ်ဦးသေဆုံးဟု AA ပြော

ရခိုင်ပြည်နယ်တွင် သုံးလကျော် တိုက်ပွဲကာလအတွင်း တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦးကို ဖမ်းမိထားပြီး တပ်မမှူးတစ်ဦးနှင့် ဗျူဟာမှူးတစ်ဦး သေဆုံးကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ကျောက်တော်မြို့အခြေစိုက် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၉ လက်အောက်ခံနည်းဗျူဟာ...

စစ်သင်္ဘောတစ်စင်းကို AA ထပ်မံသိမ်းယူ၊ ခုနစ်ရက်အတွင်း စစ်သင်္ဘောငါးစင်းအထိတိုက်ခိုက်သိမ်းယူခံရ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီလ ၁၃ ရက်က စစ်ကောင်စီတပ်၏ စစ်သင်္ဘောတစ်စင်းကို ထပ်မံတိုက်ခိုက် သိမ်းယူလိုက်ပြီး ခုနစ်ရက်အတွင်း တိုက်ခိုက်နစ်မြှုပ်သိမ်းယူခဲ့သည့် စစ်သင်္ဘော ငါးစင်းအထိရှိလာကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၇ရက်နှင့်...

စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ကြေညာ

မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက်ပိုင်းတွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သည်။ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို...

ရန်ကုန်နှင့် မန္တလေးတွင် လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်စာများဖြန့်

ရန်ကုန်နှင့် မန္တလေးတို့တွင် လူမျိုးရေးမုန်းတီးရေးစာများ လိုက်လံဖြန့်ဝေနေသည်ကို တွေ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် စစ်သင်္ဘောသုံးစင်း တိုက်ခိုက် နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မိသားဝင် ရာနှင့်ချီ သေဆုံးပြီး အသက်ရှင်သူများလည်း...

တော်လှန်ရေးအဖွဲ့များက မွန်ပြည်နယ်ရှိ စစ်ကောင်စီစခန်းနှင့်ဂိတ်များကို ဆက်တိုက်တိုက်ခိုက်

မွန်ပြည်နယ်၊ ကျိုက်ထို၊ သထုံနှင့် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များကို တော်လှန်ရေးပူးပေါင်းအင်အားစုတို့က ယခုရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က သထုံမြို့နယ်၊ ဒုံသမိတံတားစစ်ဆေးရေးဂိတ်ကို...