ကျိုက်ထီးရိုးဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များမှ ရန်ပုံငွေ ကျပ် သိန်းပေါင်း တစ်သောင်းကျော်ရရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဒေသရှိ လုပ်ငန်းများနှင့် ဈေးဆိုင်များကို ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် လုပ်ကိုင်ခွင့် ချထားပေးရာတွင် ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော် ကျော်ရရှိသည်ဟု ဘုရားဂေါပက အဖွဲ့ထံမှ သိရသည်။ ၂၀၁၉-၂၀၂၀ ခုနှစ် ဘုရားပွဲတော် ရာသီကာလအတွင်း...

မွန်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်း ငါးခုကို တင်ဒါမခေါ်ဘဲ လုပ်ဆောင်ခဲ့

မွန်ပြည်နယ်အစိုးရအဖွဲ့သည် လုပ်ငန်းငါးခုကို တင်ဒါမခေါ်ဘဲ လုပ်ဆောင်ခဲ့ကြောင်း မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြသည်။ မွန်ပြည်နယ်စာရင်းစစ်ချုပ်၏ ၂၀၁၈ ခုနှစ် (ဧပြီလမှ စက်တင်ဘာလထိ) ရသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ ရှိချက်နှင့် ၀န်ကြီးဌာနအချို့၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ကျင်းပလျက်ရှိသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄)...

မွန်တွင် တိုင်းရင်းသားစာသင် ဆရာ၊ ဆရာမ ၃၉၀ နီးပါးကို နေ့စား လပေးအဖြစ် ခန့်အပ်

မွန်ပြည်နယ်တွင် မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင် ကြားပေးနေသည့် ဆရာ၊ ဆရာမ လေး ရာကျော်ကို နေ့စားလပေး (ွှနခေ့ငညါ ဗျငျအညေအဩွှဗ) အဖြစ် ခန့်အပ်လိုက် ကြောင်း မွန်ပြည်နယ်ပညာ ရေးမှူးရုံးထံ မှ သိရသည်။ တိုင်းရင်းသား စာပေသင်ကြားနေ...

မွန် ဆိုင်ကယ်လိုင်စင် ပွင့်လင်းရာသီမှ ပြုလုပ်ပေးမည်

မွန်ပြည်နယ်တွင် လိုင်စင်မဲ့ဆိုင် ကယ်များကို ပွင့်လင်းရာသီရောက်မှသာ လိုင်စင်ပြုလုပ် ပေးတော့မည်ဖြစ်ကြောင်း ပြည်နယ်ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှူး ဦးစီးဌာနထံမှ သိရသည်။ လိုင်စင်မဲ့ဆိုင်ကယ်များကို ဒေသ လိုင်စင်ပြုလုပ်ပေးရန် သြဂုတ်လ ၁ ရက် က ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ် သော်လည်း လက်တလော...

မော်လမြိုင်လက်ကားငါးဒိုင်များရှိ ငါးနှပ်များတွင် တာရှည်ခံဓာတုဆေးရည် စစ်ဆေးတွေ့ရှိ

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံ ငါးဒိုင်ဈေးရှိ ငါး၊ ပုစွန်လက်ကားအ၀ယ်ဒိုင်တို့မှ ငါးနှပ် ငါးများတွင် အန်္တရာယ်ရှိ တာရှည်ခံ ဓာတုဆေးရည်များ ထည့်သွင်းသုံးထား သည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။ ပြည်သူတစ်ဦး၏ သတင်းပေးတိုင် ကြားမှုအရ မော်လမြိုင်...

တောင်ပြိုမည်စိုးသဖြင့် သဲဖြူကုန်းကျေးရွာအနီးရှိ စာသင်ကျောင်းကို ပြောင်းရွှေ့

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူ ကုန်းကျေးရွာအနီးရှိ ရဲပြားကုန်းတောင် ခြေတွင် တည်ရှိနေသည့် အခြေခံပညာမူလ တန်းကျောင်းကို သြဂုတ်လ ၂၇ ရက်မှ စကာ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ရဲပြားကုန်းတောင်ပေါ်တွင် မြေသား အက်ကွဲမှုဖြစ်နေသည့်အတွက် တောင် ပေါ်ရှိ အရန်စေတီများကို သြဂုတ်လ...

မွန်ပြည်နယ်အတွင်း ကျောက်မိုင်းလုပ်ငန်းများ စစ်ဆေးနေဟုဆို

မွန်ပြည်နယ်အတွင်းရှိ ကျောက် မိုင်းလုပ်ငန်းများကို စစ်ဆေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးက ပြောသည်။ မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်း ကျေးရွာရှိ မလတ်တောင်ပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကျောက်ထုတ်လုပ် ငန်းများ လုပ်ကိုင်နေသည့်နေရာများတွင် တောင်ပြိုကျမှုအခြေအနေရှိ မရှိ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုရှိ/မရှိကို...

ရေကြီးရေလျှံမှုကြောင့် ဆားကြမ်း ပိဿာချိန် သိန်းငါးဆယ်နီးပါး ပျက်စီး

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် ဂိုဒေါင်တွင် သိုလှောင်ထားသည့် ဆားကြမ်း ပိဿာချိန်ပေါင်း သိန်းငါးဆယ် နီးပါးပျက်စီးဆုံးရှုံးမှုရှိခဲ့သည်ကြောင်း သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏ၀ါဓာတုဗေဒပစ္စည်းထုတ်လုပ်ရောင်း ၀ယ်ရေးလုပ်ငန်း (မွန်ပြည်နယ်) ရုံးထံမှ သိရသည်။ သြဂုတ်လ ပထမအပတ်အတွင်း သည်းထန်စွာရွာသွန်းခဲ့သည့်မိုးကြောင့် ပြည်နယ်အတွင်း ဆားကြမ်းအများဆုံး ထုတ်လုပ်သည့် သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဂိုဒေါင်...

မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်းအနား မွန်လူငယ်များ ဦးဆောင်ကျင်းပ

ဝါခေါင်လပြည့်နေ့တွင် ကျရောက်သည့် (၇၂) ကြိမ်မြောက် မွန်တော်လှန် ရေးနေ့တွင် ဗဟိုအဆင့်အခမ်းအနားကို မွန်လူငယ်များ ဦးဆောင်ကျင်းပခဲ့သည်ဟု မွန်တော်လှန်ရေးနေ့ ဗဟိုအခမ်း အနား ကျင်းပရေးကော်မတီထံမှ သိရသည်။ ၇၂ ကြိမ်မြောက် မွန်တော်လှန်ရေး နေ့ ဗဟိုအခမ်းအနားကို အမျိုးသားလွတ် မြောက်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် မွန်ခေါင်းဆောင်များ...

ရေစီးသန်သည့် ကျိုက်မရောသို့ အလှူရှင်များ ကိုယ်တိုင်သွားမလှူရန် ပြည်နယ်အစိုးရ မေတ္တာရပ်ခံ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် အတ္တရံမြစ်ရေ ရေစီးသန်နေသည့် အခြေအနေကြောင့် လတ်တလောတွင် အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မလှူဒါန်းကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။ လတ်တလော အခြေအနေအရ အတ္တရံမြစ် ရေစီးသန်နေခြင်း၊ ရေဘေး အန္တရာယ်...