တောင်ပြိုမည်စိုးသဖြင့် သဲဖြူကုန်းကျေးရွာအနီးရှိ စာသင်ကျောင်းကို ပြောင်းရွှေ့

0
607

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဲဖြူ ကုန်းကျေးရွာအနီးရှိ ရဲပြားကုန်းတောင် ခြေတွင် တည်ရှိနေသည့် အခြေခံပညာမူလ တန်းကျောင်းကို သြဂုတ်လ ၂၇ ရက်မှ စကာ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ရဲပြားကုန်းတောင်ပေါ်တွင် မြေသား အက်ကွဲမှုဖြစ်နေသည့်အတွက် တောင် ပေါ်ရှိ အရန်စေတီများကို သြဂုတ်လ ၁၉ ရက်က ပြောင်းရွှေ့ထားရပြီး တောင်ပြို နိုင်ကျမည့်အန်္တရာယ်ကို စိုးရိမ်သည့် အတွက် ကျောင်းကိုလည်း ပြောင်းရွှေ့ လိုက်ခြင်း ဖြစ်သည်။

မြေသားအက်ကွဲမှုဖြစ်ပွားနေသည့် ရဲပြားကုန်းတောင်ကို တက်္ကသိုလ်များ နည်းပညာရှင်များအဖွဲ့၏ မြေပြင်အခြေ အနေ ကနဦးလေ့လာတွေ့ရှိချက်အရ လက်ရှိ တောင်ကြောနှင့် အနီးဆုံးနေရာ တွင် တည်ရှိနေသော မူလတန်းစာသင် ကျောင်းအား ဆက်လက်အသုံးမပြုရန် အကြုံပြုထားသည့်အတွက် ကျောင်းကို ပြောင်းရွှေ့ခြင်းဖြစ်သည်ဟု ပေါင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် (မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီး) ဦးထွန်းမင်းအောင်က ပြော သည်။

အဆိုပါ မူလတန်းကျောင်းတွင် ကျောင်းသူ၊ ကျောင်းသား ၁၅၀ ခန့် ပညာ သင်ကြားနေပြီး သဲဖြူကုန်းတောင်ပြို စဉ်က ယင်းကျောင်းမှ ကျောင်းသူ ကျောင်းသား ၁၂ ဦးခန့် ပါရှိသွားသည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ် ထံမှ သိရသည်။

လက်ရှိတွင် ရဲပြားကုန်းမူလတန်း ကျောင်းကို သဲဖြူကုန်း အလယ်တန်း ကျောင်းသို့ ယာယီပြောင်းရွှေ့သင်ကြား စေပြီး မြေနေရာရှာဖွေရရှိပါက မူလတန်း ကျောင်းကို အမြန်ဆုံးတည်ဆောက်သွား ရန် စီစဉ်ဆောင်ရွက်နေသည်ဟု မွန်ပြည် နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

“ရဲပြားကုန်း မူလတန်းကျောင်းကို နေရာရွှေ့ထားပြီးပြီ။ ကျောင်းဆောင် အသစ် ဆောက်ပေးဖို့ မြေနေရာ ရှာနေ တယ်”ဟု ၀န်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

နေရာပြောင်းရွှေ့ထားရသည့် မူလ တန်းကျောင်းမှ ကျောင်းသူ ကျောင်းသား များအတွက် ကြိုပို့ကား စီစဉ်ထားပြီး သင်ကြားရေးအပိုင်းတွင်လည်း အဆင် ပြေမှုရှိစေရန် ပြည်နယ်၊ မြို့နယ်ပညာ ရေးမှူုးရုံးတို့မှ စီစဉ်ဆောင်ရွက်ထား သည်ဟု သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ်လ ၉ ရက် နံနက် ၇ နာရီအချိန် ခန့်က ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ တွင် တောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၇၀ ဦးထိ သေဆုံးခဲ့ရသည်။

အဆိုပါ တောင်ပြိုမှုဖြစ်စဉ်ဖြစ်ပွား ပြီးနောက် ပေါင်မြို့နယ်အတွင်းရှိ တောင် နှင့် နီးစပ်သည့်နေရာတွင် နေထိုင်နေ ကြသည့် ပြည်သူလူထုတို့က တောင်ပြို ကျမည့်အန္တရာယ်ကို စိုးရိမ်နေကြသည်။

တောင်ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာအပြင် ယခု မြေသားအက်ကွဲမှုဖြစ်နေ သည့် ရဲပြားကုန်းတောင်အနီးအနားတ၀ိုက် နှင့် အခြားသော တောင်ခြေနေရာတို့တွင် နေထိုင်ရန်သင့်/မသင့်၊ အန်္တရာယ်ရှိ မရှိအပေါ် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ တစ်စုံတစ်ရာ တရားဝင်ထုတ်ပြန် ပြောဆို ထားခြင်းမရှိသည့်အတွက် ပိုပြီး စိုးရိမ် စရာဖြစ်စေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

ယဉ်စနိုင်း