မော်လမြိုင်လက်ကားငါးဒိုင်များရှိ ငါးနှပ်များတွင် တာရှည်ခံဓာတုဆေးရည် စစ်ဆေးတွေ့ရှိ

0
874

မွန်ပြည်နယ် မော်လမြိုင်မြို့ ကျောက်မီးသွေးရုံ ငါးဒိုင်ဈေးရှိ ငါး၊ ပုစွန်လက်ကားအ၀ယ်ဒိုင်တို့မှ ငါးနှပ် ငါးများတွင် အန်္တရာယ်ရှိ တာရှည်ခံ ဓာတုဆေးရည်များ ထည့်သွင်းသုံးထား သည်ကို တွေ့ရှိရကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနထံမှ သိရသည်။

ပြည်သူတစ်ဦး၏ သတင်းပေးတိုင် ကြားမှုအရ မော်လမြိုင် ကျောက်မီးသွေး ရုံရှိ ငါး၊ ပုစွန်လက်ကားဒိုင်များတွင် ရောက်ရှိဖြန့်ချိလျက်ရှိသော ငါး၊ ပုစွန် များတွင်  အစားအသောက်များတွင် ထည့်သုံးရန် ခွင့်မပြုထားသော အန်္တရာယ် ရှိတာရှည်ခံ ဓာတုဆေးရည်များ (Formalin) ထည့်သွင်းသုံးစွဲထားခြင်း ရှိ/မရှိကို ရှောင်တခင်စစ်ဆေးမှုပြုလုပ်ခဲ့ရာ ထိုကဲ့ သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၉ ရက်နေ့က စည်ပင် သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေး ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းပါဝင်သည့် ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးကော်မတီတို့မှ ငါးဒိုင်းဈေးရှိ ငါး၊ ပုစွန်လက်ကားဒိုင် ၁၅ ဆိုင်မှ သံသယရှိ ငါး၊ ပုစွန် ၁၃ မျိုးခန့်ကို နမူနာယူစစ်ဆေးခဲ့ရာ ငါးနှပ်ငါးများတွင် တာရှည်ခံဓာတုဆေးရည် (Formalin)  ထည့်သွင်းသုံးစွဲထားကြောင်း ဓာတ်ခွဲ စစ်ဆေးတွေ့ရှိသည်ဟု ပြည်နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦး စီးဌာနထံမှ သိရသည်။

“ပြည်သူတစ်ယောက်က သတင်း ပေးတာက ၁၀ ဘီးကားတွေနဲ့ ရောက် လာတဲ့ ပုစွန်တွေမှာ အရည်တစ်မျိုးထည့် တယ်ဆိုတဲ့ပုံစံမျိုးနဲ့ တိုင်တယ်။ သွားစစ် တော့ ပုစွန်တွေနဲ့ အခြားငါးမျိုးစုံကိုပါ စစ်တယ်။ စစ်တော့ သတင်းရထားတဲ့ ပုစွန်မှာ Formalin တွေ မတွေ့ဘဲနဲ့ ငါးနှပ်တွေမှာ သွားတွေ့တယ်။ ငါးနှပ် ရောင်းတဲ့ဆိုင်အားလုံးမှာ Formalin သုံးထားတာ တွေ့တယ်”ဟု  မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ (အစားအသောက်) ဦးမျိုးမင်းဦးက ပြောသည်။

ယခုဖြစ်စဉ်သည် ငါး၊ ပုစွန်ဒိုင်များ က တာရှည်ခံဓာတုဆေးရည် အသုံးပြု ထားသည့် အနေအထားမဟုတ်ဘဲ ငါး များ စတင်ဖမ်းဆီး ပို့ဆောင်သယ်ယူရာ တစ်လျှောက်တွင် တစ်နည်းနည်းဖြင့် ထည့်သွင်းခဲ့သည့် အနေအထားမျိုးတွေ့ ရှိရကြောင်း ၎င်းက ပြောသည်။

ထိုကြောင့် မူရင်းထည့်သွင်းလာ နိုင်သော ဖြစ်နိုင်ချေ ဖောက်သည်တင် သွင်းသည့် နေရာများကို ဖော်ထုတ်သွား မည်ဟု ၎င်းင်းက ဆက်ပြောသည်။

တာရှည်ခံဓာတုဆေးရည် (Formalin) တွေ့ရှိသည့် ငါးနှပ်ငါးများကို ဖျက်ဆီး ပစ်ကာ ဆိုင်ပိုင်ရှင်များကို ခံဝန်ရေးထိုး စေပြီး နောင်တွင် ဆက်လက်စစ်ဆေး တွေ့ရှိပါက ထိရောက် ပြင်းထန်သော အရေးယူမှုများ ဆောင် ရွက်သွားမည်ဟု မွန်ပြည်နယ်အစား အသောက်နှင့် ဆေး ၀ါးကွပ်ကဲရေးဦးစီး ဌာနထံမှ သိရသည်။

“FDA က လာစစ်ထားတာက ငါးနှပ်တွေမှာ တာရှည်ခံဓာတုဆေးတွေ သုံးထားတာကို စစ်ဆေးတွေ့ရှိထား တယ်။ တခြား ငါးတို့ ပုစွန်တို့မှာတော့ မတွေ့ဘူး။ ငါးနှပ်တွေကတော့ အဓိက ကျိုက္ခမီဘက်က အလာများတယ်။ ဒီငါး တွေ ဒိုင်ကိုရောက်ဖို့က အဆင့်ဆင့် ဖြတ် လာရတယ်ဆိုတော့ ဘယ်ကနေ ဒီဆေး ရည်တွေ ထည့်လာတာလဲတော့ မပြော တတ်ဘူး။ ဒိုင်တွေ သတိထားရမှာပေါ့”ဟု ကျောက်မီးသွေးရုံရှိ ငါးအ၀ယ် ဒိုင် တစ်ဦးက ပြောသည်။

မော်လမြိုင်တွင် ငါး၊ ပုစွန် လက် ကားဒိုင် ၁၅ ဒိုင်ခန့်ရှိပြီး ၎င်းင်းတို့တွင် နယ်စုံမှ ရောက်ရှိလာသော ငါး၊ ပုစွန် များနှင့် အိမ်နီးချင်းထိုင်းနိုင်ငံမှ တင် သွင်းလာသည့် ငါး၊ ပုစွန်မျိုးစုံ ရောင်း ၀ယ်ဖြန့်ဖြူးနေသည်ဟု ငါးအ၀ယ်ဒိုင် တို့ထံမှ သိရသည်။

မွန်ပြည်နယ်အတွင်း ကမ်းနီးကမ်း ဝေးငါးဖမ်းလုပ်ငန်းများမှ ငါးများကို မော်လမြိုင်မြို့ရှိ ငါးအ၀ယ်ဒိုင်ကြီးများ ထံသို့ တင်သွင်းနေကြပြီး ထိုမှတစ်ဆင့် မွန်ပြည်နယ် ၁၀ မြို့နယ်သို့ ဖြန့်ဖြူး ရောင်းချနေသည့်အပြင် ရန်ကုန်သို့ လည်း တင်ပို့ရောင်းချနေသည်ဟု ငါး အ၀ယ်ဒိုင်တို့ထံမှ သိရသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ငါးအ၀ယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့်ရှိပြီး ၎င်း တို့သည် ငါးလုပ်ငန်းဦးစီးဌာနတွင် တရားဝင်လိုင်စင်ဖြင့် ပြည်တွင်း ငါးရောင်း ၀ယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေကြ သည်။

ယဉ်စနိုင်း