ဇမ္ဗူသီရိ ရှာဖွေကယ်ဆယ်ရေး အရေးပေါ်လုပ်ငန်းများတွင် ဒရုန်း အသုံးပြုမည်

0
468

ထားဝယ်မြို့ ဇမ္ဗူသီရိ ရှာဖွေကယ် ဆယ်ရေး အရေးပေါ်လုပ်ငန်းများတွင် (Drone) ဒရုန်းအသုံးပြုမည်ဖြစ်ကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်    ဆောင်ရေးအဖွဲ့ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် သဘာဝဘေး အန္တရာယ်ကျရောက်မှု တစ်နှစ်ထက် တစ်နှစ် ပိုများလာသဖြင့် ယင်းသို့ အသုံးပြုရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုနိုင်မျိုးသွင်က ပြောသည်။

မိုးသန်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ မြေပြိုမှုကဲ့သို့သော အရေးပေါ် အခြေအနေတွင် ကယ်ဆယ်ရေး သမားများ အတွက် အန်္တရာယ်ရှိသော နေရာများနှင့် သွားလာရ ခက်ခဲသည့် ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများတွင် ရှေ့ပြေးအနေ ဖြင့် ဒရုန်းကို အသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရေးပေါ် ကယ်ဆယ်ရေးလုပ် ချိန်မှာ အနှောင့်အယှက်မပေးဖို့ ပြည် သူလူထုအနေနဲ့ နားလည်ပေးစေချင် တယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းက ဒရုန်းကို လွှတ်တင်ဖူးတယ်။ အဲဒီဒရုန်း က လေးခွနဲ့ ပစ်ချခံရလို့ ပျက်ကျသွား တယ်။ အဲ့လိုမလုပ်ဖို့ ပြောချင်တာပါ”ဟု ကိုနိုင်မျိုးသွင်က မေတ္တာရပ်ခံသည်။

အဆိုပါဒရုန်းကို အသုံးပြုခြင်းဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဝေဟင်ပေါ်မှ ပတ်ကြည့်နိုင်မည်ဖြစ်ပြီး အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း များ၏ မြေပြင်အနေအထားကို ပိုမို သိရှိနိုင်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့ ထံမှ သိရသည်။

မိုးမြင့်