မွန်တွင် တိုင်းရင်းသားစာသင် ဆရာ၊ ဆရာမ ၃၉၀ နီးပါးကို နေ့စား လပေးအဖြစ် ခန့်အပ်

0
478

မွန်ပြည်နယ်တွင် မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင် ကြားပေးနေသည့် ဆရာ၊ ဆရာမ လေး ရာကျော်ကို နေ့စားလပေး (ွှနခေ့ငညါ ဗျငျအညေအဩွှဗ) အဖြစ် ခန့်အပ်လိုက် ကြောင်း မွန်ပြည်နယ်ပညာ ရေးမှူးရုံးထံ မှ သိရသည်။

တိုင်းရင်းသား စာပေသင်ကြားနေ သည့် ဆရာ၊ ဆရာမများကို နေ့စားလ ပေးအဖြစ် တိုးမြှင့်ခန့်အပ်ရန် ပြည်    ထောင်စု တိုင်းရင်းသားရေးရာ ၀န်ကြီး ဌာနမှ လျှောက်လွှာခေါ်ယူခဲ့ရာ မွန်ပြည် နယ်မှ မွန်၊ ကရင်၊ ပအိုဝ်းစာပေသင်ကြား နေသည့် ဆရာ၊ ဆရာများ ၉၀၀ နီးပါး လျှောက်ထားခဲ့သည့်အနက် ဆရာ၊ ဆရာမ ၃၉၈ ဦးကို ယခုလအတွင်း ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ခန့်အပ်လိုက်သည့် ဆရာ၊ ဆရာမ ၃၉၈ ဦးအနက် မွန်စာသင်ကြားသည့် ဆရာ၊ ဆရာမ ၂၃၂ ဦး၊ ကရင်စာသင် ကြားသည့် ဆရာ၊ ဆရာမ ၁၄၅ ဦးနှင့် ပအိုဝ်းစာသင်ကြားသည့် ဆရာ၊ ဆရာမ ၂၁ ဦးတို့ ပါဝင်သည်။

““နေ့စားလပေးခန့်အပ်လိုက်တဲ့အခါကျတော့ မူလ တစ်လ ၃ သောင်းရနေ တာကနေ ခံစားခွင့်ပိုလာမှာပေါ့။ နောက် ပြီးတော့ လုပ်ဆောင်ရေးအပိုင်းနဲ့ ပတ် သက်ပြီးတော့လည်း ပိုပြီးတော့ထိရောက် မှုရှိလာမယ်။ ကျောင်းသားတွေအတွက် လည်း ပိုပြီးတော့ အထောက်အကူပြုလာ နိုင်မယ်”” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်က ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ၊ ဆရာမများကို နေ့ပေးလစား အဖြစ် ပထမအကြိမ် ဆရာ၊ ဆရာမ ၄၀၀ ဦးကျော်ကို ခန့်အပ်ခဲ့ဖူးသည်။

လက်ရှိတွင် အစိုးရစာသင်ကျောင်း များ၌ တိုင်းရင်းသားစာပေသင်ကြားနေ သည့် ဆရာ၊ ဆရာမများသည် နေ့စား  လပေးအဖြစ် ခန့်အပ်ခံထားရသည့် ဆရာ၊ ဆရာမများနှင့် နေ့ပေးလစားခန့် အပ်ခြင်း မခံရသေးသည့် ဆရာ၊ ဆရာမ များဆိုပြီး နှစ်မျိုးရှိနေသည်။

ခံစားခွင့်အနေနှင့် နေ့စားလပေး များသည် ကျောင်းဖွင့်ရက်တိုင်း တစ်နေ့ လျှင် ၄၈၀၀ ကျပ်နှုန်း ခံစားခွင့်ရရှိပြီး၊ နေ့စားလပေးမဟုတ်သည့် ဆရာ၊ ဆရာမများမှာ တစ်လလျှင် ကျပ် ၃ သောင်း နှုန်းနှင့် တစ်နှစ်အတွင်း ၉ လစာ ခံစားခွင့်ရရှိနေသည်။

ယဉ်စနိုင်း