ဘီးလင်းမြစ်ပျက်စီးမှု အချိန်မီ ထိန်းသိမ်းပေးရန် တောင်းဆို

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ပျက်စီးနေမှုကို အချိန်မီထိန်းသိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးကော်မတီက တောင်းဆိုလိုက်သည်။ မေလ ၂၈ ရက်နေ့က ကျင်းပသည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေးကော်မတီမှ...

ပိတ်ထားသည့် စက်ရုံများ စစ်ဆေးပြီး ပြန်ဖွင့်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်ထားရသည့် မွန်ပြည်နယ်အတွင်းရှိ စက်ရုံ အလုပ်များကိုစစ်ဆေးပြီး ပြန်လည်ဖွင့်ခွင့်ပေးနေသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။ ပြည်နယ်အတွင်း၌ စက်ရုံ အလုပ်ရုံ စုစုပေါင်း ၂၇၂၇ ရုံ ရှိပြီး ယင်းစက်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြည်နယ်အဆင့်၊ ခရိုင်အဆင့်...

မွန်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၉၇ ဦးရှိ၊ ၁ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၉၇ ဦးရှိပြီး သေဆုံးသူ ၁ ဦးရှိသည်ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါက်တာ ထွန်းအောင်ကြည်က ပြောသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ...

မွန်တွင် မိုးစပါးစိုက်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးမည်

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများအတွက် ယခုနှစ် ၂၀၂၀ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၃ ဘီလီယံကျော် ထုတ်ချေးရန်လျာထားကြောင်း မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ...

မွန်ငါးလုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း၈၀ ရာခိုင်နှုန်း ခန့်ရပ်ဆိုင်းထားရကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းရှင်များနှင့် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ထံမှ သိရသည်။ မွန်ပြည်နယ်မှ ထွက်ရှိသည့်ငါးများကို တရုတ်ဈေးကွက်သို့ ၈၀ရာခိုင်နှုန်းကျော်တင်ပို့ရောင်းချနေပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့် တရုတ်နိုင်ငံက ငါးအဝယ်လျော့ကျသွားခဲ့သည်။ “တရုတ်ပြည်နယ်အနေနဲ့က အရင်တုန်းကငါးတွေကို...

မွန် ရေရှားပါးမှု ပြဿနာ ပိုဆိုးလာ

မွန်ပြည်နယ်အတွင်း ရေရှားပါးမှု ဖြစ်ပွားနေသည့်အနေအထားသည် မေလပထမအတွင်း အခြေအနေပိုဆိုးလာကြောင်း ရေလိုက်လံဖြန့်ဝေပေးလှူနေသူတို့နှင့် ဒေသခံတို့ထံမှ သိရသည်။ မွန်ပြည်နယ်အတွင်း၌ မတ်လဆန်းမှစကာ ရေရှားပါးမှု စတင်ကြုံတွေ့လာခဲ့ရပြီး မေလ ပထမအပတ်အတွင်းတွင် ရေအဓိကရယူနေရသည့် အဝီစိတွင်း၊ ဆည်တို့တွင်လည်း ရေခန်းခြောက်ကုန်သည်အထိ ရေခက်ခဲမှုရှိလာသည်ဟု...

မွန်တွင် လူစုလူဝေးလုပ်သူကို ထောင်ဒဏ် ၉ လထိ ပြစ်ဒဏ်ချမှတ်

လူစုလူဝေး ဦးဆောင်ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်ကျိုက်မရောမြို့နယ် ကော့ခလိန်းကျေးရွာအုပ်စု ကြာအင်းချောင်းကျေးရွာနေ ဦးဇော်မင်းကို ထောင်ဒဏ် ၉ လ ကျခံစေရန် ကျိုက်မရောမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လူစုလူဝေးမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာမှုမရှိသည့် ဦးဇော်မင်းကို...

မွန်ပြည်နယ်မှ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ဆေးရုံဆင်းခွင့်ရ

မွန်ပြည်နယ်မှ တစ်ဦးတည်းသော ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ (လူနာ အမှတ် ၂၇)သည် ယခုအခါ စစ်ဆေးမှုရလဒ်အရ ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် ဧပြီလ ၇ ရက်နေ့က ဆေးရုံမှဆင်းခွင့်ရသည်။ လူနာအမှတ် ၂၇ သည် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်ကြောင်း ဧပြီလ...

ရေဖြူတွင် မိုင်းနင်းမိမှုထပ်ဖြစ်၊ ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ အလယ်စခန်းကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ကြောင်လျှာကွင်း ဒေသတွင် မေလ ၄ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ခန့်က...

မလတ်တောင် ပြိုမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို နေအိမ်ပေးအပ်

ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် မလတ်တောင်ပြိုကျမှုကြောင့် နေအိမ်ပျက်စီးသွားသူများကို ပြည်နယ်အစိုးရက မတ်လ ၂၈ ရက်က နေအိမ်အသစ် ပေးအပ်ခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ နံနက် ၇...