မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကို မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၄ ရက်တိုင် စတင်ကျင်းပလျက်ရှိသည်။ ညီလာခံကို  မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။ ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ...

လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ယနေ့ (ဧပြီ ၂၄) ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်နေ့ ည ၁၀...

ကျိုက်မရော ချောင်းနှစ်ခွတံတားရှိ BGF ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်း ယနေ့ (ဧပြီ ၁၆) နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၆ နာရီဝန်းကျင်က ချောင်းနှစ်ခွတံတားထိပ်တွင် ကင်းစောင့်နေသည့် BGF...

သထုံစုပေါင်းရုံး ဗုံးပေါက်ပြီး ရဲနှစ်ဦး ဒဏ်ရာရဟုဆို

မွန်ပြည်နယ် သထုံမြို့နယ် စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့က ဗုံးပေါက်ကွဲသဖြင့် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးနေရာတွင် ဧပြီလ ၉ ရက်နေ့...

မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။  ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ...

ဆားထုတ်လတွင် မိုးကြောင့် မွန်ဆားကြမ်းထုတ်လုပ်မှု ရပ်နားထားရ

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ မတ်လအတွင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးပြီး မိုးဆက်လက် ရွာသွန်းနေသည့်အတွက် လက်ရှိတွင် ဆားထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ဆားလုပ်ငန်းရှင် အချို့က ပြောသည်။

တိုက်ပွဲဂယက်ကြောင့် မွန်တွင် ထိုင်းသွင်းကုန်ပစ္စည်းများ ဈေးတက်

မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းနေသည့် စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ ဈေးထပ်မံမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်တို့အကြား မတ်လကုန်ပိုင်းမှစတင်ကာ...

မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ သုံးပုံတစ်ပုံကျော်သာရှိ

စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ သုံးပုံတစ်ပုံကျော်သာ ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရှိရသည်။ ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိသည်။ “တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေတဲ့ကျောင်းသားအရေအတွက်က...

ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ် ပစ်ခတ်မှုတွင် ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံး

မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် ဖြစ်ပွားသည့် ပစ်ခတ်မှုကြောင့် ခရီးသွား ကလေးနှစ်ဦး ကျည်ထိမှန်သေဆုံးသွားကြောင်း ခရီးသွားပြည်သူများနှင့် ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ သထုံနှင့် ဘီးလင်းမြို့နယ်အကြား ကားလမ်းမပေါ်တွင် မတ်လ ၂၉ ရက်နေ့ နံနက်က...

မွန်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်

မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီးပြီး ဆားအထွက်လျော့နည်းသည့်အတွက် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့တို့ထံမှ သိရသည်။ ဆားထုတ်လုပ်သည့် ရာသီအစတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ ရှိရာမှ လက်ရှိတွင် ကျပ် ၃၀၀ ကျော်သို့...