မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ သုံးပုံတစ်ပုံကျော်သာရှိ

0
607
ယခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုသူများကို တွေ့ရစဉ်

စစ်ကောင်စီက ကျင်းပပြုလုပ်သည့် ၂၀၂၁-၂၀၂၂  ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မွန်ပြည်နယ်တွင် ကျောင်းသား၊ကျောင်းသူ သုံးပုံတစ်ပုံကျော်သာ ဝင်ရောက်ဖြေဆိုကြောင်း ပြည်နယ်ပညာရေးဌာနရှိ စာရင်းများအရ သိရှိရသည်။

ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေပွဲတွင် ဖြေဆိုသူ ၁၁၀၀၀ ကျော်သာရှိသည်။

“တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ဖြေတဲ့ကျောင်းသားအရေအတွက်က ဒီနှစ်နည်းတယ် ခါတိုင်းနှစ်တွေနဲ့စာရင် သုံးပုံပုံ တစ်ပုံလောက်ပဲရှိတယ်” ဟု ပြည်နယ်ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

မတ်လ ၃၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၄၆ ခု ရှိသည်။

မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အခြေခံပညာကျောင်းများတွင် လုံခြုံရေးတင်းကြပ်ထားသည်ဟု ကျောင်းသားမိဘတို့ကဆိုသည်။

“လုံခြုံရေးတော့ တော်တော် တင်းကြပ်ထားတယ်၊ မိဘတွေကလည်း စိုးရိမ်တော့ သွားစောင့်နေရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

 ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ပညာရေးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ကပ်ရောဂါ အခြေအနေနှင့် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင်  တက္ကသိုလ်ဝင်တန်းစာမေပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။