မြန်မာငါးလှေများ

မြန်မာငါးလှေများ ရနောင်းသို့ တင်ပို့ရောင်းချခွင့် စည်းကမ်းချက်အချို့ သတ်မှတ်ပြီး ဆက်လက်ခွင့်ပြု

လတ်တလောဖြစ်ပေါ်နေရသည့် ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင် ငါးဈေးကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုကြောင့် မြန်မာငါးလှေများ ရနောင်းဆိပ်ကမ်းသို့ တင်ပို့ရောင်းချခွင့်အား စည်းကမ်းချက်အချို့သတ်မှတ် ပြီး ဆက်လက်ခွင့်ပြုခဲ့ကြောင်း မြိတ်-ပရာကျွတ်မောင်နှမမြို့ ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ မဟာချိုင်ငါးဈေးကြီးတွင်...

ကိုဗစ်ကာကွယ်ရေး ငါးစားသုံးပေး

ကော့သောင်းမြို့ ၁၀ မိုင်ရွာနှင့် တာညုံပါဒရွာများတွင် ကိုဗစ်ရောဂါကာကွယ်ရေး ငါးစားသုံးပေးကြရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပညာပေးဆိုင်းဘုတ်ထူ ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။ ဇွန်လ ၁၂ ရက်နေ့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်

ကော့သောင်းမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ရဲမှတ်တမ်းအရ သိရသည်မှာ စူဘာလိုင်းကျေးရွာအုပ်စုရှိ ဥယျာဉ် ခြံတဲတွင် အောက်တိုဘာလ ၆ ရက်နေ့က အမျိုးသားလေးဦးထမင်းစားရန် ပြင်ဆင်နေခဲ့သည်။ ထိုစဉ်...

ကော့သောင်းလျှပ်စစ်တင်ဒါ ကုမ္ပဏီခြောက်ခု ပြိုင်မည်၊ သို့သော် ကိုဗစ်ကြောင့် တင်ဒါဖွင့်နိုင်မည်မဟုတ်သေး

ကော့သောင်းမြို့နယ် လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါကို ကုမ္ပဏီ ခြောက်ခုက လာပြိုင်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်းတင်ဒါလျှောက်လွှာကို သြဂုတ်လ ၈ ရက်နေ့တွင် စတင်ရောင်းချခဲ့ပြီး စက်တင်ဘာလ ၉...

မသန်စွမ်းအရေးလှုပ်ရှားသူ ကော့သောင်းဒေသခံတစ်ဦး အဖမ်းခံရပြီး အကျဉ်းထောင်ပို့

ကော့သောင်းဒေသခံ မသန်စွမ်းအရေးလှုပ်ရှားသူ ကိုထွန်းဝင်းအောင်ဆိုသူ ဇူလိုင်လ ၁၀ ရက် ညက အဖမ်းခံလိုက်ရကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ အဖမ်းခံရပြီး နောက်တစ်ရက်မှာပင် စစ်ကြောရေးမှတစ်ဆင့် ကော့သောင်းအကျဉ်းထောင်ပို့လိုက်ကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းနယ်စပ်တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တွင် ဩဂုတ်လအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ဆက်တိုက်တွေ့ရှိနေကြောင်း ကော့သောင်းမြို့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ ဩဂုတ်လ ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား...

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူ ၈ဝနီးပါး ကိုဗစ်ပိုးတွေ့

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ရှစ်ဆယ်နီးပါးရှိလာကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ တိုင်းကျန်းမာရေး၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကိုဗစ်လူနာ ၇၆ ဦးအထိ ရှိနေခြင်းဖြစ်သည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်းအမှု နိုဝင်ဘာလ ၁၁ ရက်နေ့ အမိန့်ချမည်

တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးမြင့်မောင်အမှုကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။ ဦးမြင့်မောင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးခံထားရချိန်တွင်...

ငါးလနီးပါး ရပ်နားထားသည့် ရန်ကုန်- ကော့သောင်းလေကြောင်းခရီးစဉ် ပြန်ပြေးဆွဲ

ကိုဗစ်ကူးစက်မှုမြင့်တက်နေခြင်းကြောင့်ဟုဆိုကာ ငါးလနီးပါးရပ်နားထားခဲ့သည့် ရန်ကုန်-ကော့သောင်းလေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၂၁ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သက်ဆိုင်ရာ လေကြောင်းလိုင်းအချို့က ထုတ်ပြန်ထားသည်။ မေလနှောင်းပိုင်းတွင် စတင်ရပ်နားထားခဲ့သည့် လေကြောင်းခရီးစဉ်အား အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)က ထုတ်ပြန်ထားသည်။
Navy SEALs အထူးတပ်ဖွဲ့များ

ကော့သောင်း-ရနောင်း ရေပြင် လုံခြုံရေးတိုးမြှင့်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာ-ထိုင်းနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်း-ရနောင်းနယ်စပ် ရေပြင်လုံခြုံရေး တိုးမြှင့်ခြင်းကို ထိုင်းဘက်မှ ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး ဆောင်ရွက်ခဲ့ကြောင်း မြိတ်- ပရာကျွတ် မောင်နှမြို့တော် ဆက်ဆံရေးမှူး ဦးအောင်ကြည်မြင့်ထံမှ သိရသည်။ ဦးအောင်ကြည်မြင့်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ...