ကိုဗစ်ကာကွယ်ရေး ငါးစားသုံးပေး

0
278

ကော့သောင်းမြို့ ၁၀ မိုင်ရွာနှင့် တာညုံပါဒရွာများတွင် ကိုဗစ်ရောဂါကာကွယ်ရေး ငါးစားသုံးပေးကြရန် အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဝေခြင်း၊ ပညာပေးဆိုင်းဘုတ်ထူ ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးသန့်ဇင်က ပြောသည်။

ဇွန်လ ၁၂ ရက်နေ့တွင် ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“ပင်လယ်ငါး စားသုံးခြင်းနဲ့တကွ ခံနိုင်ရည် ရှိတယ်ပေါ့လေ။ ကိုယ်ခံအား ကောင်းတယ်ပေါ့” ဟု ဦးသန့်ဇင်က ပြောသည်။

တာညုံပါဒရွာသည် ကမ်းနီးရေ လုပ်သားများနေထိုင်သည့် ပင်လယ်ကမ်းရွာ ဖြစ်သည်။