စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်

0
273
Dawei Watch, Dawei News, Dawei News Media

ကော့သောင်းမြို့နယ်တွင် အမျိုးသားနှစ်ဦး စကားများရာမှ တူမီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲမှတ်တမ်းအရ သိရသည်မှာ စူဘာလိုင်းကျေးရွာအုပ်စုရှိ ဥယျာဉ် ခြံတဲတွင် အောက်တိုဘာလ ၆ ရက်နေ့က အမျိုးသားလေးဦးထမင်းစားရန် ပြင်ဆင်နေခဲ့သည်။ ထိုစဉ် အမျိုးသားလေးဦးအနက်မှ နှစ်ဦးက ရော်ဘာရုံဆောက်ရန်နှင့် ရော်ဘာအစေးလှီးသည့်ကိစ္စဖြင့် စကားများခဲ့သည်။ စကားများရာမှ အသက် ၄၆ နှစ်အရွယ် အမျိုးသားကို သေနတ်ဖြင့် ပစ်ခတ်သည့်အတွက် စိုးရိမ်ရသည့်ဒဏ်ရာ ရရှိခဲ့သည်။

ကော့သောင်းတွင် အိမ်ခြေခြောက်ရာခန့် လျှပ်စစ်မီးပေးနိုင်ရန်လျာထား

သေနတ်ဖြင့်ပစ်သည့် အမျိုးသားမှာ ထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သေနတ်ဖြင့် ပစ်သည့်အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ-၃၀၇ ဖြင့် ကော့သောင်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch