အချုပ်သား ထမင်းထုပ်ထဲ ဘိန်းစာမှုန့်ထုပ်ဝှက်ယူလာ

ကော့သောင်းမြို့မ ရဲစခန်း အချုပ် တွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးစစ် ဆေးခံနေရသူထံ လာပို့သည့် ထမင်း ထုပ်ထဲတွင် ဘိန်းစာမှုန့် ဝှက်ယူလာမှု ဖြစ်ပွားခဲ့ကြောင်း ကော့သောင်းမြို့မ ရဲစခန်းမှ သိရသည်။ မေလ ၂၄ ရက်က အချုပ်သား ခင်ပွန်းဖြစ်သူထံ ဇနီးဖြစ်သူက လာပို့ သည့် ဖော့ဘူးဖြင့်ထည့်ထားသည့်...

စကားများရန်ဖြစ်ရာမှ လူသေမှုဖြစ်

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ် ကွက်တွင် ဧပြီ ၂၄ ရက်က စကားများ ရန်ဖြစ်ရာမှ ကျောက်တုံးဖြင့် အထုခံရ၍ အသက်ခြောက်ဆယ်အရွယ်အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း ကော့သောင်း မြို့မ ရဲစခန်းထံမှ သိရသည်။ အောင်တော်မူစေတီတော်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အရက်မူးအော်ဟစ် နေသည့် ဘုတ်ပြင်းမြို့နယ်နေ အသက် ၂၄ နှစ်အရွယ် အမျိုးသားကို...

အလုပ်ခိုကပ်သည်ဟုဆိုကာ စကားများပြီး တူဖြင့်ထုသတ်

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပန်းရန်လုပ်ငန်းခွင်တွင် အလုပ်ခိုကပ်သည်ဟုဆိုကာ စကားများပြီး တူဖြင့်ထုသတ်ခဲ့ကြောင်း တနင်္သာရီတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထောင်ခမတ်ကျေးရွာအုပ်စုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်ချိန်၌ အလုပ်မလုပ်ဘဲ ခိုကပ်နေသည်ဟုဆိုကာ ဇူလိုင်လ ၈ ရက်နေ့က အလုပ်သမားအချင်းချင်း စကားများကြကြောင်း ရဲမှတ်တမ်းအရ...

ဆိုင်ကယ် လုယက်မှုများကြောင့် ကော့သောင်း မြို့ပြင်တွင် စစ်ဆေးရေးဂိတ်တစ်ခု ထားမည်

လုယက်လူသတ်မှု များလာသဖြင့် ကော့သောင်းမြို့ပြင်ကျေးရွာများသို့ ခရီးသည်ပို့မည့် ဆိုင်ကယ် တက္ကစီများ လုံခြုံရေးအရ သတင်းပို့နိုင်ရန် စစ်ဆေးရေးဂိတ်တစ်ခုကို ရွှေပြည်စိုးကျေးရွာ ပွိုင့်လမ်းဆုံတွင် ထားရှိရန်စီစဉ်ထားကြောင်း ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့မှူး (ယာယီ) က ပြောကြားသည်။   မြို့ပြင် ကျေးရွာများသို့ မျက်နှာစိမ်းခရီးသည်များ ပို့သည့် ဆိုင်ကယ် တက္ကစီများ မကြာခဏ လူသတ် လုယက်ခံရသဖြင့်...

မြေပြို မိသားစုများအတွက် မြေနေရာ အစားရှာပေးမည်

မိုးသည်းထန်စွာ ရွာသွန်းသည့် အတွက် ဇွန်လ ၁၅ ၇က်နေ့ နံနက်က ကော့သောင်းမြို့နယ်၊ ပိတောက် ရွှေဝါ ရပ်ကွက် မြရည်ပုလဲလမ်းတွင် မြေပြို ကျပြီး နေအိမ်ပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုများအတွက် သီးခြား မြေနေရာ အစားရှာပေးမည်ဟု တနင်္သာရီတိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာ...

ကော့သောင်းတွင် မဲစာရင်း ပြင်သူ ၅၀၀၀ ကျော်

ကော့သောင်းခရိုင်တွင် မဲစာရင်း ပြင်ဆင် လျှောက်ထားသူ ၅၀၀၀ ကျော် ရှိကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရသည်။ မဲစာရင်း စတင်ကြေညာသည့် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၆ ရက် နေ့အထိ ၁၄ ရက်အတွင်း မဲစာရင်းပြင်ဆင်လျှောက် ထားသူ...

လှေနှစ်စီးတိုက်မိ အမျိုးသမီးတစ်ဦး ပျောက်ဆုံး

ကော့သောင်းရေပြင် ခိုကျွန်း အနီး တွင် ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၁ နာရီအချိန်ခန့်က စက်လှေနှစ်စီး တိုက်မိ ကာ လှေပေါ်ပါ အမျိုးသမီးတစ်ဦးပျောက် ဆုံးနေကြောင်း အတိုက်ခံခဲ့ရသည့် စက် လှေပိုင်ရှင် ဦးအောင်စိုးထံမှ သိရသည်။ ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် မှိုင်း တွေးရွာနေ...

ကော့သောင်းခရိုင်အတွင်း တရားမဝင် ကုန်သွယ်မှု ကြပ်မတ်မည်

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်းခရိုင်အတွင်း ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် တရားမဝင် ကုန်သွယ် နေသည်များကို စက်တင်ဘာ လအကုန်တွင် စတင်ကြပ်မတ်သွားမည် ဖြစ်ကြောင်း ကော့သောင်းခရိုင် တရားမ ဝင်ကုန်သွယ်မှု တားဆီးရေး အထူးအဖွဲ့ က ဆိုသည်။ လူတစ်ဦးချင်းစီအလိုက် သယ် ဆောင်လာသည့် ကုန်ပစ္စည်းအပေါ် မူ တည်ပြီး စစ်ဆေးမည့်အပြင်...

လိုင်စင်မဲ့ ဆေးရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်များကို ပထမဆုံး တရားစွဲ

မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးများ ရောင်းချသည့် ကော့ သောင်းမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များကို ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်းက တရားစွဲခဲ့ သည်။ စက်တင်ဘာလအတွင်းက ၁၀ ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးအတု များ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး(Operation Panges-X) စီမံချက်အ ရ ဝင်ရောက်စစ်ဆေးချိန်တွင် ကော့ သောင်းမြို့အတွင်း...

ဘန်းကချွန်၊ ချမ်းဖမ်းရွာသားများ ယမ်းထောင်း သေနတ် ၂၀ ကျော် ရဲတပ်ဖွဲ့ထံ လာအပ်

တရားမဝင် လက်နက်ခဲယမ်းများ လာရောက်အပ်နှံရန် အသိပေးစာ ထုတ် ပြန်ပြီး တစ်ပတ်အကြာတွင် ကော့သောင်း မြို့နယ် ဘန်းကချွန်နှင့် ချမ်းဖမ်း ရွာသား များက ယမ်းထောင်း သေနတ် ၂၀ ကျော်ကို ကော့သောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ ဩဂုတ် လ ၁၄ ရက်က အပ်နှံခဲ့ကြောင်း...