လိုင်စင်မဲ့ ဆေးရောင်းချသည့် ဆေးဆိုင်ပိုင်ရှင်များကို ပထမဆုံး တရားစွဲ

0
439

မှတ်ပုံတင်ထားခြင်းမရှိသည့် တရားမဝင်ဆေးများ ရောင်းချသည့် ကော့ သောင်းမြို့ရှိ ဆေးဆိုင်ပိုင်ရှင်များကို ကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့က အောက်တိုဘာလအတွင်းက တရားစွဲခဲ့ သည်။
စက်တင်ဘာလအတွင်းက ၁၀ ကြိမ်မြောက် အင်တာပိုလ် ဆေးဝါးအတု များ တိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေး(Operation Panges-X) စီမံချက်အ ရ ဝင်ရောက်စစ်ဆေးချိန်တွင် ကော့ သောင်းမြို့အတွင်း ရောင်းချနေသည့် ဆေးဆိုင် ၄ ဆိုင်တွင် မှတ်ပုံတင်ထား ခြင်းမရှိသည့် လိုင်စင်မဲ့ဆေးများ ရောင်း ချနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ဆေးဆိုင်ပိုင်ရှင် ၄ ဦးကို အမျိုးသားဆေးဝါးဥပဒေဖြင့် တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကြီး ကြပ်ကွပ်ကဲရေး ကော်မတီထံမှ သိရ သည်။
“(တိုင်းအတွင်း) သုံးနှစ်လောက် အချိန်အတွင်းမှာတော့ ဒီလိုတရားစွဲတာ ပထမဆုံးအကြိမ်ပါပဲ”ဟု အဆိုပါ ကော်မတီအတွင်းရေးမှူးက ပြောသည်။
ကော့သောင်း ခရိုင်အစား အသောက် နှင့် ဆေးဝါး ကြီးကြပ်ကွပ် ကဲရေး ကော်မတီက ကော့သောင်းမြို့နယ် ရဲတပ် ဖွဲ့ကို တရားစွဲဆိုခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ကော့သောင်းမြို့ရှိ အဆိုပါ ဆေး ဆိုင်လေးဆိုင်မှ ငွေကျပ် ၆ သိန်းကျော် တန်ဖိုးရှိ မှတ်ပုံတင်ထားခြင်း မရှိသည့် လိုင်စင်မဲ့ ဆေးဝါးများ ဖမ်းမိခဲ့ခြင်း ဖြစ် သည်။
အမျိုးသားဆေးဝါး ဥပဒေအရ တရားစွဲဆိုခံထားရခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ ရုံးချိန်း ၄ ကြိမ် သွားရောက် ခဲ့ရပြီးဖြစ်ကြောင်း တရားစွဲခံရသည့် ဆေးဆိုင်ပိုင်ရှင်တစ်ဦး က ဆိုသည်။

အမျိုးသားဆေးဝါးဥပဒေအရ လိုင်စင်မဲ့ဆေးများ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိပါက ငွေကျပ် ငါး သောင်းမှ ငွေကျပ် ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ကြောင်း အဆိုပါ ဥပဒေအရ သိရသည်။