မြေအခက်ခဲကြောင့် ရေချို ငါးမွေးမြူရေး အခက်တွေ့

လွန်ခဲ့သည့် သုံးနှစ်ခန့်နှင့် နှိုင်း ယှဉ်ပါက ထားဝယ်ဒေသအတွင်း ရေချို ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ဝင်စား မှု များလာသော်လည်း မွေးမြူရန်မြေ မရှိသဖြင့် အခက်အခဲနှင့် ရင်ဆိုင်နေရ ကြောင်း ရေချိုငါးမွေးမြူရေး လုပ်ကိုင် နေသူများထံမှ သိရသည်။ ရေချိုငါးမွေးမြူရေးလုပ်ငန်းသည် လယ်မြေပေါ်တွင် လုပ်ကိုင်ရသဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီးမှ...

ကြိုတင်မဲပေးခွင့်ရှိသူများ မြို့နယ်ကော်မရှင်ခွဲတွင် စပေးနိုင်

ထားဝယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ အောက်တိုဘာလ ၂၉ ရက်နေ့မှ ဆန္ဒမဲ စပေးနိုင်ပြီဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများတွင် မဲဆန္ဒ နယ်ပြင်ပ ရောက်နေသူများ၊ အချုပ်သား...

ငါးနှစ်အတွင်း ငှက်ဖျားရောဂါ တစ်ဝက်ကျော်လျော့

တိုင်းအတွင်း ငှက်ဖျားရောဂါ ဖြစ် ပွားသူဦးရေမှာ ၅ နှစ်အတွင်း တစ်ဝက် ကျော် ပမာဏအထိ လျော့နည်း လာ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ငှက် ဖျားရောဂါ တိုက်ဖျက်ရေးအဖွဲ့ထံမှ သိရ သည်။ ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်တွင် ငှက် ဖျားရောဂါဖြစ်ပွားသူဦးရေ နှစ်သောင်းခွဲ...

မိုးစပါးချေးငွေ တစ်အိမ်ထောင်လျှင် တစ်ဦးသာ ချေးမည်

ယခုနှစ်တွင် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေကို အိမ်ထောင်စုတစ်ခုလျှင် တစ်ဦးကိုသာ ထုတ်ချေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ထံမှ သိရသည် ယခင်က ကဲ့သို့ လယ်ယာလုပ်ကိုင် ခွင့်ပြုလက်မှတ်(ပုံစံ ၇) ရှိသူတိုင်းကို ထုတ်ချေးမည်မဟုတ်ဘဲ အိမ်ထောင်စု စာရင်းဖြင့် စိစစ်ကာ...

ရေချိုဥပဒေကြမ်း ကြိုဝေပါ

တိုင်းဒေသကြီးလွှတ်တော်တွင် ပြဋ္ဌာန်းနိုင်ရန် ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်နေသည့် ရေချိုငါးလုပ်ငန်း ဥပဒေ (မူကြမ်း)ကို ဆွေးနွေးပွဲ မတိုင်မီ ကြိုတင် ဝေငှရန် ပွဲစီစဉ်သူများထံ ထားဝယ်ခရိုင် ဒေသခံအချို့က တောင်းဆို လိုက်သည်။ တိုင်းလွှတ်တော် ကိုယ်စားလှယ် များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဇူလိုင်လ ၂၇ ရက်တွင်...

ထားဝယ်နှင့် ကော့သောင်းတို့တွင် အမှုသောင်တင်မှု အများဆုံး

ထားဝယ်ခရိုင်တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံးတို့တွင် ကြန့်ကြာနေသည့် အမှုအရေအတွက် အများဆုံးဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ ယခုနှစ်ဇူလိုင်လကုန်အထိ တနင်္သာရီ တိုင်းအတွင်းရှိ တရားရုံးအသီးသီးတွင် တစ်နှစ်မှ သုံးနှစ်အထက် ကြန့်ကြာနေသည့် ရာဇဝတ်မှု ၆၉ မှုနှင့် တရားမကြီးအမှု...

ကြက်မွေးမြူရေးဇုန်အတွက် ပခပ်ရွာအနီး မြေနေရာကို ကနဦး ရွေးချယ်

ထားဝယ်မြို့နယ်အတွင်းရှိ ကြက်မွေးမြူရေးခြံများကို လူနေအိမ် များနှင့် အလှမ်းဝေးသည့် နေရာတွင် ဇုန်အဖြစ်သတ်မှတ်ပြီး နေရာ ချထား ရန်အတွက် ပခပ်ကျေးရွာအနီးရှိ မြေနေရာကို အကြမ်းဖျင်း ရွေးချယ်ထား ကြောင်း တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ပြောကြားသည်။ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာ အုပ်စု၊...

ရေဖြူမြို့ ရေကန်သစ် ယခုနွေ စသုံးနိုင်မည်

ရေဖြူမြို့ပေါ်တွင် တူးဖော်နေသော အများပြည်သူသုံးရေကန်အား ယခုနှစ် နွေရာသီတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးနိုင်ထွေးက ပြောသည်။ ရေဖြူမြို့ အနောက်ဘက်ကမ်း (ခ)ရပ်ကွက်၊ ရပ်တော်မူဘုရားအနီးရှိ အဆိုပါရေကန်ကို ယခုလတွင် စတင်တူး ဖော်နေခြင်းဖြစ်ပြီး စက်တင်ဘာလကုန် တွင် လုပ်ငန်းပြီးစီးနိုင်ကြောင်း ဦးနိုင်...

ဂန့်ဂေါ်တောင်ဘူတာ အ၀င်တံတား ဆောက်ပေးရန် အစီအစဉ်မရှိသေး

ရေဖြူမြို့နယ်ရှိ ကံပေါက်ဒေသရှိ ဂန့်ဂေါ်တောင်ဘူတာ အ၀င်တံတားကို ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်မရှိသေးဘဲ လူသွား ပလက်ဖောင်းနှင့် ဘူတာစင်္ကြန်ကို ယခုနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။ ဇွန်လပထမအပတ်က ကျင်းပသည့် အမျိုးသား လွှတ်တော် ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်...

သင်္ကြန်အကြို Dancer ပြိုင်ပွဲ ကျင်းပမည်

ထားဝယ်မြို့ DDPC Shopping Center တွင် သင်္ကြန်အကြို Dancer ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူ ထံမှ သိရသည်။ လာမည့် ဧပြီလ ၁ ရက်တွင် စတင်ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အဖွဲ့ဝင် ၂ ဦးနှင့်အထက်...