သင်္ကြန်အကြို Dancer ပြိုင်ပွဲ ကျင်းပမည်

0
429

ထားဝယ်မြို့ DDPC Shopping Center တွင် သင်္ကြန်အကြို Dancer ပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေး ကူညီဆောင်ရွက်ပေးနေသူ ထံမှ သိရသည်။

လာမည့် ဧပြီလ ၁ ရက်တွင် စတင်ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အဖွဲ့ဝင် ၂ ဦးနှင့်အထက် ပါဝင်ယှဉ် ပြိုင်နိုင်ပြီး ကျား/မ ပေါင်း၍သော် လည်းကောင်း၊ ကျား^မ သီးသန့်သော် လည်းကောင်း ပါဝင်ယှဉ်ပြိုင်နိုင် ကြောင်း ပွဲဖြစ်မြောက်ရေး ကူညီဆောင် ရွက်ပေးသူ ကိုသားလေးက ဆိုသည်။ပြိုင်ပွဲဝင်သူများသည် အနောက် တိုင်း ခေတ်ပေါ်အကဖြင့် ဝင်ပြိုင်ရမည် ဖြစ်သည်။

လျှောက်လွှာတစ်စောင်လျှင် ကျပ် ၂၀၀၀ ဖြင့် မြတ်ပွင့်ကွန်ပျူတာဆိုင်၊ ရွှေရည်ဦး အခွေဆိုင်(၁၊၂)နှင့် ပြည့် ပြည့် ကွန်ပျူတာဆိုင်တို့တွင် ဝယ်ယူ နိုင်ပြီး မတ်လ ၃၀ ရက် နောက်ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း ကိုသားလေးက ဆိုသည်။” ထားဝယ်မှာ ပထမဆုံး လုပ်တဲ့ပွဲ ပါ၊ ဝင်ကချင်သူတွေ ဖုန်းဆက်ပြီး စုံစမ်းနေကြတာရှိတယ်” ဟု ကိုသားလေး က ပြောသည်။

ပြိုင်ပွဲကို မည်သူမဆို အခမဲ့ဝင် ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။ပြိုင်ပွဲကို ဧပြီလ ၁ ရက် နံနက် ပိုင်းတွင် စတင်ကျင်းပမည်ဖြစ်ပြီး ဒုတိယ အဆင့်ပြိုင်ပွဲကို ဧပြီလ ၂ ရက်နှင့် နောက်ဆုံးဗိုလ်လုပွဲကို ဧပြီလ ၈ ရက် တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ပြိုင်ပွဲတွင် ပထမဆုအဖြစ် ငွေကျပ် ၃ သိန်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ၂ သိန်းနှင့် တတိယဆုအဖြစ် ကျပ် ၁ သိန်း ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။