တနင်္သာရီဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု တိုင်းတရားသူကြီး ပယ်ချ

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အား အာမခံပေးရန် လျှောက်ထားမှုအပေါ် တရားသူကြီးက ပယ်ချလိုက်သည်။ ယင်းအမှု၏ စတုတ္ထကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၂ ရက်ရုံးချိန်း တွင် တနင်္သာရီတိုင်းဒေသကြီး တရားသူကြီး ဦးခင်မောင်မောင်က အာမခံလျှောက်ထား မှုကို အထက်ပါအတိုင်း...

ထားဝယ်ကလေးသင်္ကြန် မြို့ပေါ်တစ်ရပ်ကွက် မဏ္ဍပ်တစ်ခုဆောက်မည်

ထားဝယ်ဒေသ၏ ရိုးရာ အစဉ်အလာတစ်ခုဖြစ်သည့် ကလေးသင်္ကြန် ကာလတွင် မြို့ပေါ်ရပ်ကွက်များ၌ မဏ္ဍပ် တစ်ခုစီ ဆောက်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ ထားဝယ်ခရိုင်တွင် ကလေးသင်္ကြန်ကို သင်္ကြန်အကြိုရက်မတိုင်မီ နှစ်ရက် အလိုတွင် ဆင်နွှဲလေ့ရှိသည်။

သောက်သုံးရေ အခက်အခဲဖြစ်က မီးသတ်ဌာနသို့ ဆက်သွယ်ပါ

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲဖြစ်ပါက ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာနသို့ အကူအညီ တောင်းခံနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အကူအညီတောင်းခံနိုင်ပြီး အကူအညီတောင်းခံလာပါက မီးသတ် ရေယာဉ်များဖြင့် သောက်သုံးရေများကို အိမ်တိုင်ရာရောက် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းက...

ကော့သောင်းလျှပ်စစ်ကိစ္စ တိုင်းလွှတ်တော်ကော်မတီ ကွင်းဆင်းစစ်ဆေးမည်

ကော့သောင်းမြို့နယ် လျှပ်စစ်ကိစ္စကို သက်ဆိုင်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ တိုင်းလျှပ်စစ်ဌာနနှင့် သက်ဆိုင်သည့် ကုမ္ပဏီများကို တိုင်းလွှတ်တော်က ခေါ်ယူ ကြားနာပြီးဖြစ်သော်လည်း အဖြေမထွက် သေးသဖြင့် တိုင်းလွှတ်တော်၏ ရေးရာကော်မတီက ကွင်းဆင်း စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခဲ့သည့် Green...

ထားဝယ်သင်္ကြန်တွင် စတုဒိသာမဏ္ဍပ်ကြီး နှစ်ခုရှိမည်

ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွင်း ထမင်းဟင်း ကျွေးမွေးမည့် စတုဒိသာမဏ္ဍပ်ကြီးနှစ်ခုရှိမည်ဖြစ် ကြောင်း ဦးဆောင်စီစဉ်နေသူများထံမှ သိရသည်။ ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် မီးသုံးလုံးလမ်းဆုံတွင် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်တိုင်တိုင် ကျွေးမွေးမည်ဖြစ်ကြောင်း ယင်းစတုဒိသာမဏ္ဍပ် ဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးနိုင်က ပြောသည်။ သင်္ကြန်ကာလအတွင်း တစ်ရက်လျှင်...

ယတြာချေပေးမည်ဟုဆိုကာ စိတ်ကျန်းမာရေးမကောင်းသည့် ဆယ်ကျော်သက်အား မုဒိမ်းကျင့်

ယတြာချေပေးမည်ဟုဆိုကာ စိတ်ကျန်းမာရေးမကောင်းသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးအား အသက် ခုနှစ်ဆယ်ကျော်အရွယ် ဗေဒင်ဆရာက မုဒိမ်းကျင့်ခဲ့ကြောင်း ထားဝယ်အမျိုးသမီး သမဂ္ဂထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ထွက်ဝကျေးရွာတွင် မတ်လ နောက်ဆုံးအပတ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မုဒိမ်းကျင့်ခံရသည့် မိန်းကလေးအား ကူညီပေးနေသည့် ထားဝယ်အမျိုး သမီးသမဂ္ဂထံမှ...

ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ငါးဖမ်းပိုက်များ ပျက်စီးသည့်ကိစ္စ စုံစမ်းမှုအစီရင်ခံစာ သင်္ကြန်မတိုင်မီ တင်ပြမည်

ဇောတိက ဓာတ်ငွေ့ပိုက်လိုင်းနှင့် ငြိကာ ငါးဖမ်းပိုက်များ ပျက်စီးဆုံးရှုံးခဲ့ရ သည်ဆိုသည့် ကိစ်္စနှင့်ပတ်သက်ပြီးစုံစမ်းမှု အစီရင်ခံစာကို ယခုနှစ် သင်္ကြန်ကာလ မတိုင်မီ တိုင်းအစိုးရထံ တင်ပြမည်ဖြစ် ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီး ဌာနထံမှ သိရသည်။ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံကျေးရွာနှင့် ဖြူနပ်ကျေးရွာရှိ ဒေသခံ...

ထားဝယ်တွင် ပုဂ္ဂလိကကျောင်းနှစ်ကျောင်း လျှောက်ထား

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ထားဝယ်မြို့တွင် အထက်တန်း အဆင့်သင် ပုဂ်္ဂလိကနှစ်ကျောင်းဖွင့်လှစ်ရန် လျှောက်ထားခဲ့ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။ D – PEN အထက်တန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းနှင့် ရွှေဂုဏ်ထူး အထက် တန်းအဆင့်သင်ကိုယ်ပိုင်ကျောင်း လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံသို့ လိပ်မူ၍ လူမှုကွန်ရက်ပေါ် အဓိပ္ပါယ်မဖွင့်နိုင်သည့် စာများရေးသားခဲ့သည့် တက္ကသိုလ်ဆရာမကိစ္စ ၀န်ကြီးဌာနထံ တင်ပြထား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ထံ အိတ်ဖွင့်ပေးစာဟုဆိုကာ လူမှုကွန်ရက် ပေါ် အဓိပ္ပါယ်မဖွင့်နိုင်သည့်စာသားများ ရေးသားခဲ့သည့် ထားဝယ်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာ ခိုင်ခိုင်သက်လွင်၏ စိတ်ကျန်းမာရေး အခြေအနေအပါအ၀င် စုံစမ်းစစ်ဆေးမှု များကို ပညာရေးဝန်ကြီးဌာနထံ တင်ပြထား ကြောင်း အဆိုပါတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာ ချိုချိုမြင့်က ဆိုသည်။

တောင်တက်အသင်းမ၀င်ဘဲ ရှင်တောင့်ပုံတောင်ပေါ် ကားဆွဲသည့်ပြဿနာ တိုင်းအစိုးရထံ စာပို့မည်

သရက်ချောင်းမြို့ရှိ ရှင်တောင့်ပုံ စေတီရှိရာ တောင်ပေါ်သို့ တောင်တက်မော်တော်ယာဉ်အသင်းသို့မ၀င်ဘဲ ခရီးသည်တင်ကား ပြေးဆွဲနေခြင်းပြဿနာကို ဖြေရှင်းပေးရန် တိုင်းအစိုးရအဖွဲ့ထံ သင်္ကြန်အပြီးတွင် စာပို့အကူအညီတောင်း မည်ဖြစ်ကြောင်း ယင်းစေတီ ဂေါပက အဖွဲ့ထံမှ သိရသည်။ ရှင်တောင့်ပုံ ဂေါပကအဖွဲ့ ခွင့်ပြုချက် ဖြင့် ကားအစီးရေ ၄၀ ကျော်ပါသည့်...