ဗိုလ်မှူးကြီးဗထူး အရိုးအိုးနှင့် အထိမ်းအမှတ်ပစ္စည်းများ မထိန်းသိမ်းပါက ထားဝယ်ပြန်ပို့ပေးပါ

ရှမ်းပြည်နယ်နှင့် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်၊ တဲလု ကျေးရွာရှိ ဗိုလ်မှူးကြီးဗထူး အရိုးအိုးနှင့် အထိမ်းအမှတ် ပစ္စည်းများအား မထိန်းသိမ်းပါက ပြန်လွှဲပေးရန် ထားဝယ်လူမျိုး စုစည်းမှုကော်မတီက မတ်လ ၂၉ ရက် တွင် စာပို့ပြီး မေတ္တာရပ်ခံ တောင်းဆို လိုက်သည်။

ထားဝယ်တွင် ကျောက်ကပ် ဆေးနိုင်တော့မည်

ထားဝယ်ပြည်သူ့ဆေးရုံတွင် ကျောက်ကပ်ဆေးစက်နှစ်လုံး၊ ယင်းစက်နှင့် တွဲဖက်အသုံးပြုရသည့် ရေသန့်စက် တစ်လုံးကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနမှ ပေးပို့ထားသည့်အတွက်  လာမည့် မေလခန့်မှစပြီး ကျောက်ကပ် ဆေးနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။ ကျောက်ကပ်ဆေးနိုင်ရန်အတွက် ထားဝယ်ဆေးရုံမှ  သမားတော်တစ်ဦး၊ လက်ထောက်ဆရာဝန်တစ်ဦးနှင့် သူနာပြု နှစ်ဦးကို သင်တန်းတက်ရန် စေလွှတ် ထားကြောင်း...

တနင်္သာရီဂျာနယ်အမှု အယူခံ ခရိုင်တရားရုံးလက်ခံ၊ ဧပြီ ၁၉ အပြီးသတ် လျှောက်လဲရမည်

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့် တနင်္သာရီဂျာနယ်အမှုနှင့် ပတ်သက်၍ တင်သွင်းထားသည့် အယူခံကို ထားဝယ်ခရိုင်တရားရုံးက မတ်လ ၂၉ ရက်တွင် လက်ခံလိုက်သည်။ တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်းအစိုးရက တရားစွဲဆိုခဲ့ပြီး ထားဝယ် မြို့နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင်အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန်...

တနင်္သာရီတိုင်းတွင် လေးနှစ်အတွင်း ကုမ္ပဏီ ၁၃ ခု အမည်ပျက်စာရင်း သွင်းခံရ

တနင်္သာရီတိုင်းတွင် လေးနှစ်နီးပါးကာလအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၁၃ ခုကို အမည်ပျက်စာရင်းသွင်း ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈-၂၀၁၉(မီနီဘတ်ဂျက်) အထိ လေးနှစ်နီးပါး ကာလအတွင်း အစိုးရ ဘတ်ဂျက်ဖြင့် တည်ဆောက်သည့် လုပ်ငန်းများကို အချိန်မီ မပြီးစီးခြင်းနှင့် သတ်မှတ်အရည်အသွေး...

ကျွန်းသုံးကျွန်းနှင့် ကမ်းခြေကိစ္စ သီးခြားအဖွဲ့ဖြင့် စစ်ဆေးရန် တင်ပြထား

လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းအပါအ၀င် ကျွန်းသုံးကျွန်းနှင့် ကမ်းခြေတစ်ခုတွင် အပန်းဖြေစခန်း ဆောက်ရန် မြေနေရာလျှောက်ထားမှုကို ကန့်ကွက်မှုများရှိသည့်အတွက် သီးခြားအဖွဲ့ဖြင့် စစ်ဆေးနိုင်ရန် တင်ပြထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန(မြေစာရင်း)ထံမှ သိရသည်။ ကန့်ကွက်မှုများအပေါ် ကွင်းဆင်းစစ်ဆေးမည့် သီးခြားအဖွဲ့ ဖွဲ့စည်းခွင့်ပြုရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီထံ...

မူးယစ်ဆေးနှင့် မိုင်းရှာမည့် “မီးမီး”

မူးယစ်ဆေးနှင့် မိုင်းရှာသင်တန်းတက်ရောက်လေ့ကျင့်ထားသည့် “မီးမီး”ဟု အမည်ပေးထားသော ခွေးတစ်ကောင် ရောက်ရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ အဆိုပါခွေးအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံရှိ လေ့ကျင့်ရေးကျောင်းတွင် ၆ လ ခန့်အကြာ မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်းသင်တန်း ပေးထားပြီး မတ်လဆန်း ပိုင်းက တနင်္သာရီတိုင်းရဲတပ်ဖွဲ့သို့ ရောက်ရှိလာကြောင်း တိုင်းရဲတပ်ဖွဲ့...

ဆင်တုပ်ကွေးရောဂါ အရေးပေါ် အခြေအနေမဟုတ်

ဘ၀ါကမ်းခြေရွာရှိ ဒေသခံများတွင် ဖြစ်ပွားနေသည့် ဆင်တုပ်ကွေးရောဂါမှာ အရေးပေါ်အခြေအနေ မဟုတ် ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ရောဂါစတင်ဖြစ်ပွားသည့် မတ်လ အစောပိုင်းမှ စတင်ကာ ပိုးလောက်လန်း နှိမ်နှင်းရေးလုပ်ငန်း၊ ခြင်ထောင်ဖြန့်ဝေခြင်း အစရှိသည့် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ထားပြီးဖြစ်သည့် အတွက် လူအများအပြားကို ထပ်မံကူး စက်ခြင်းမရှိတော့ကြောင်း ပိုးမွှားများမှတစ်ဆင့်...

တိုင်း ထိပ်သီးများ ပြောင်းလဲ ၊ ဒေါက်တာလဲ့လဲ့မော် ကိုယ်စားလှယ်ဖြစ်ဆဲ ၊ ဦးအောင်စိုး နေမြဲ

မတ်လ ၁၁ ရက်နေ့က ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို ၀န်ကြီးချုပ် တာဝန်ရပ်စဲလိုက်ပြီးနောက် တနင်္သာရီ တိုင်းအစိုးရ အဖွဲ့အတွင်း ကြီးမားသည့် ပြောင်းလဲမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ သည်။ ခေတ်္တ၀န်ကြီးချုပ်တာဝန်ကို မတ်လ ၁၁ ရက်တွင်ပင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး...