အိမ်ခန်းဝယ်ရန် ငွေချေးနိုင်သည့်ဘဏ် စဖွင့်

တနင်္သာရီတိုင်းတွင် အိမ်ခန်းဝယ် ယူရန် လိုအပ်သည့်ငွေကြေးကို ထုတ်ချေးမည့် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်ခွဲ(CHID)ကို ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ထားဝယ်မြို့တွင် ဖွင့်လှစ်လိုက်သည်။ အိမ်ခန်းဝယ်ယူ ရန်လိုအပ်သည့် ငွေကြေးကို အဆိုပါဘဏ်တွင် ထုတ်ချေး မည်ဖြစ်ပြီး ၁၅...

တိုင်းအတွင်း တရားဝင် ငွေချေးခွင့်ရှိသည့် အသေးစားငွေချေးလုပ်ငန်း တစ်ဆယ်ကျော်သာရှိ

တနင်္သာရီတိုင်းအတွင်း တရားဝင် ငွေချေးခွင့်ရှိသည့် အသေးစားငွေချေး လုပ်ငန်း တစ်ဆယ်ကျော်ရှိပြီး ရပ်ကွက်။ ကျေ်းရွာ နှစ်ရာနီးပါးတွင် ငွေချေးလုပ်ငန်း လုပ်ကိုင်နေကြောင်း တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနထံမှ သိရသည်။ ပြည်တွင်း အသေးစားငွေချေးလုပ်ငန်း (ကုမ္ပဏီ) ၅ ခု၊ ပြည်ပကုမ္ပဏီ ၅...

တနင်္သာရီတိုင်းတွင် ၆ ရက်အတွင်း အမျိုးသားငါးဦး ကြိုးဆွဲချသတ်သေ

တနင်္သာရီတိုင်းတွင် ၆ ရက်တာ ကာလအတွင်း အမျိုးသားငါးဦး ကြိုးဆွဲချသတ်သေခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ မတ်လ ၂ ရက်မှ ၇ ရက် အချိန်ထိ အမျိုးသား ငါးဦးက ကြိုးဆွဲချ သတ်သေခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများ အရ သိရသည်။

သရက်ချောင်းတွင် တူမီးသေနတ် အလက်ငါးဆယ်ကျော် လာအပ်

သရက်ချောင်းမြို့နယ်တွင် တူမီး သေနတ်အလက် ၅၀ ကျော်ကို မတ်လ ၄ ရက်နေ့က လာရောက်အပ်နှံကြကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။ သဲချောင်းကြီးကျေးရွာအုပ်စုရှိ ကျေးရွာများမှ အသုံးပြု၍ရသည့် တူမီး သေနတ် ၄၈ လက်နှင့် အသုံးပြုမရသည့် တူမီးသေနတ်...

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း တိုင်စာပို့သူနှင့် မေးခွန်းမေးသူများကို လုပ်ငန်းပြီးစီးမှုအခြေအနေရှင်းပြ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လာရောက်ခဲ့သည့် တနင်္သာရီတိုင်းခရီးစဉ်အတွင်း မေးခွန်းမေးမြန်းခဲ့သူများနှင့် တိုင်ကြားစာပေးပို့ခဲ့သူများအားခေါ်ယူကာ လုပ်ငန်းပြီးစီးမှုအခြေအနေများကို ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်တို့တွင် ဖေဖော်ဝါရီလ ၂၈ ရက်နှင့် မတ်လ ၅ ရက်တို့က တိုင်းအစိုးရအဖွဲ့က ရှင်းပြခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မေးခွန်းနှင့် တိုင်ကြားစာများအနက်မှ  အချက် ၆၁ ချက်ကို ကာယကံရှင်(တိုင်ကြားသူနှင့်...

ထားဝယ်ခရိုင် တရားမ၀င်ကုန်သွယ်မှုတားဆီးရေးအထူးအဖွဲ့ အလုပ်မဖြစ်ဟု ဝေဖန်

ယမန်နှစ်က စတင်ဖွဲ့စည်းထားသည့် ထားဝယ်ခရိုင် တရားမ၀င်ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့က လုပ်ငန်းများ ထိရောက်စွာလုပ်ဆောင်နိုင်မှုမရှိကြောင်း အထက်ပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ဝေဖန်လိုက်သည်။ အဆိုပါ အထူးဖွဲ့ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက ခရိုင်အလိုက်ဖွဲ့စည်းထားပြီး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးများ က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာဌာနများအပါအ၀င် လူပုဂ္ဂိုလ် ၂၀...

ထားဝယ်ခရိုင် ဘ၀ါကျေးရွာတွင် ဆင်တုပ်ကွေးရောဂါလက္ခဏာ အစုလိုက်အပြုံလိုက် ဖြစ်

ထားဝယ်ခရိုင် ရေဖြူမြိုနယ်၊ နဘုလယ်ဒေသ၊ ဘဝါကမ်းခြေကျေးရွာတွင် မတ်လ ၅ ရက်မှ စတင်ကာ ဆင်တုပ်ကွေးရောဂါ လက္ခဏာများ အစုလိုက် အပြုံလိုက် ဖြစ်ပွားနေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ  ပိုးမွှားများမှ တစ်ဆင့် ကူးစက်တတ်သော ရောဂါများ ကာကွယ်နှိမ်နှင်းရေးအဖွဲ့(ရပကန)ထံမှ သိရသည်။

ကျောက်တင်သင်္ဘောကြောင့် ငါးဖမ်းပိုက်များပျက်စီးမှု ယခုလအတွင်း ညှိနှိုင်းပေးမည် ဟုဆို

ရေဖြူမြို့နယ်အတွင်း လမ်းခင်းကျောက်ထုတ်လုပ်ရေးကုမ္ပဏီထံတွင် ကျောက်လာတင်သည့် သင်္ဘောကြောင့် ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပျက်စီးခဲ့သည့်ကိစ္စကို မတ်လအတွင်း ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ကျောက်ထုတ်လုပ်ရေး ကုမ္ပဏီ၏ မန်းနေဂျင်းဒါရိုက်တာက ပြောသည်။ ဇာဒီကျေးရွာအုပ်စု၊ ခရင်းချောင်းရွာတွင် လမ်းခင်းကျောက်ထုတ်လုပ်နေသည့်  Myanmar Rock Mountain ကုမ္ပဏီတွင် ဇန်န၀ါရီလ ၁၉ ရက် ညနေပိုင်းက...

သီတဂူဆေးရုံတွင် လူနာ သုံးရာကျော်ကို ခွဲစိတ်ကုသ

ထားဝယ်မြို့ရှိ သီတဂူဆေးရုံတော် တွင် လူနာဦးရေ သုံးရာကျော်ကို အခမဲ့ခွဲ စိတ်ကုသပေးခဲ့ကြောင်း သီတဂူအာရောဂျ ဒါန ဆေးရုံတော်၏ အထောက်အကူပြု အဖွဲ့ထံမှ သိရသည်။ အဆိုပါ ဆေးရုံတွင် လူနာများကို ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၁ ရက်အထိ ငါးရက်ကြာ...

ထားဝယ် ရပ်ကွက်၊ ကျေးရွာများတွင် အခမဲ့ သိုင်းသင်တန်း ဖွင့်မည်

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မြန်မာ့သိုင်းသင်တန်း များကို အခမဲ့ သင်ကြားပေးမည်ဖြစ် ကြောင်း ထားဝယ်သိုင်းဆပ်ကော်မတီထံမှ သိရသည်။ မိမိတို့၏ ရပ်ကွက်၊ ကျေးရွာတွင် သင်တန်း ဖွင့်လိုပါက ရပ်/ကျေးအုပ်ချုပ် ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူငယ်အဖွဲ့ အစည်းများ စသည်တို့မှ သင်တန်းသား ၂၅...