နိုင်ငံတော်၏အတိုင်ပင်ခံသို့ လိပ်မူ၍ လူမှုကွန်ရက်ပေါ် အဓိပ္ပါယ်မဖွင့်နိုင်သည့် စာများရေးသားခဲ့သည့် တက္ကသိုလ်ဆရာမကိစ္စ ၀န်ကြီးဌာနထံ တင်ပြထား

0
2847

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ထံ အိတ်ဖွင့်ပေးစာဟုဆိုကာ လူမှုကွန်ရက် ပေါ် အဓိပ္ပါယ်မဖွင့်နိုင်သည့်စာသားများ ရေးသားခဲ့သည့် ထားဝယ်တက္ကသိုလ် ဘူမိဗေဒဌာနမှ ကထိက ဒေါက်တာ ခိုင်ခိုင်သက်လွင်၏ စိတ်ကျန်းမာရေး အခြေအနေအပါအ၀င် စုံစမ်းစစ်ဆေးမှု များကို ပညာရေးဝန်ကြီးဌာနထံ တင်ပြထား ကြောင်း အဆိုပါတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်(သင်ကြားရေး) ဒေါက်တာ ချိုချိုမြင့်က ဆိုသည်။

ဒေါက်တာခိုင်ခိုင်သက်လွင်က အတိုင်ပင်ခံပုဂ်္ဂိုလ်ထံ အိတ်ဖွင့်ပေးစာဟု ဆိုကာ ယခုလအစောပိုင်းက လူမှုကွန်ရက် ပေါ် တင်ခဲ့ပြီးနောက် လူမှုကွန်ရက်အသုံး ပြုသူများအကြား ဝေဖန်မှုများ မြင့်တက် ခဲ့သည်။

ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာသည့်အတွက် စုံစမ်းတွေ့ရှိချက်အား လုံးကို တင်ပြထားပြီး ပြန်လည်ညွှန်ကြား သည့်အတိုင်း ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ဆိုသည်။

လူမှုကွန်ရက်ပေါ် ပျံ့နှံပြီးနောက် သူမနေအိမ်သို့ သွားရောက်ကာ စုံစမ်းမေး မြန်းချိန်တွင် ပုံမှန်မဟုတ်သည့် ပြောဆိုမှု များရှိပြီး ရန်ကုန်မြို့ရှိ စိတ်ကျန်းမာရေး ဆရာဝန်ကြီးနှင့် ပြသထားသည့် ဆေးမှတ် တမ်းလည်း တွေ့ရကြောင်း ၎င်းက ဆိုသည်။

“တို့တစ်တွေရဲ့ တွေ့ရှိချက်တွေ မေးမြန်းချက်တွေ အကုန်လုံးကို သတင်း ပို့ပြီးသွားပြီ၊ ကျန်တာတော့ ညွှန်ကြား ချက်အတိုင်းပဲ ဆက်လုပ်ဆောင်သွား မှာပါ”ဟု ဒေါက်တာချိုချိုမြင့်က ပြောသည်။

စိတ်ရောဂါနှင့် ပတ်သက်သည့် သောက်နေကျဆေးကို ပြီးခဲ့သည့်နှစ်လ ခန့်မှစတင်ကာ မသောက်သုံးတော့ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အဆိုပါ ဆရာမမှာ တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

ဒေါက်တာခိုင်ခိုင်သက်လွင်က ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာ ဟုဆိုကာ အကြောင်းအရာနေရာတွင်  “ဒေါ်စုကြည်တို့အစိုးရကို ဖြုတ်ချနိုင်သော သူရှိမည်ဆိုပါက ဆင်းပေးမည်ဆိုသော စကားအတိုင်းနေရာမှဖယ်ပေးပါရန်ကိစ္စ”ဟုအစချီကာ ရေးသားထားသည့် ပို့စ်အပါ အ၀င် စာသားများကို လူမှုကွန်ရက်ပေါ် တင်ခဲ့ခြင်း ဖြစ်သည်။

ကိုဇော်