ထားဝယ်တွင် ပုဂ္ဂလိကကျောင်းနှစ်ကျောင်း လျှောက်ထား

0
698

လာမည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် ထားဝယ်မြို့တွင် အထက်တန်း အဆင့်သင် ပုဂ်္ဂလိကနှစ်ကျောင်းဖွင့်လှစ်ရန် လျှောက်ထားခဲ့ကြောင်း တိုင်းပညာရေး မှူးရုံးထံမှ သိရသည်။

D – PEN အထက်တန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းနှင့် ရွှေဂုဏ်ထူး အထက် တန်းအဆင့်သင်ကိုယ်ပိုင်ကျောင်း လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြုမိန့် ကျပါက အထက်တန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းနှစ်ကျောင်း ထပ်တိုးလာမည် ဖြစ်ကြောင်း အထက်ပါဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဦးဝင်းနောင်က ပြောသည်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်မည့်ကျောင်း များသည် လိုအပ်သည့် ကျောင်းအဆောက် အအုံ၊ အားကစားကွင်း၊ စာသင်ခန်း၊ ပရိဘောဂ၊ ကျောင်းအဆင့်ကိုလိုက်၍ သိပ္ပံခန်း၊ စာကြည့်တိုက်၊ ကွန်ပျူတာ စသဖြင့် ပညာရေး၏အခြခံလိုအပ်ချက် များနှင့် သတ်မှတ်ထားသည့် စည်းကမ်း ချက်များနှင့်အညီ ကိုက်ညီမှုရှိမှသာ ပညာရေး ၀န်ကြီးဌာနမှ လျှောက်ထားချက်ကိုခွင့် ပြုကြောင်း ၎င်းက ဆိုသည်။

“ပညာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်အားလုံး လိုက်နာရတယ်၊ တို့သင်ရိုး ညွှန်းတမ်းကိုပဲ သင်ရတယ်၊ လက်ရှိအချိန် ထိ ခွင့်ပြုချက်မကျသေးဘူး၊ ကိုယ်ပိုင်ကျောင်းလုပ်ပိုင်ခွင့် ဥပဒေများနဲ့ အညီ ခွင့်ပြုချက်ကျမှသာ ဖွင့်လှစ်ခွင့်ရှိတယ်”ဟု ဦးဝင်းနောင်က ဆိုသည်။

ကိုယ်ပိုင်ကျောင်းဖွင့်လှစ်ရန် လျှောက်ထားရာတွင် အခက်အခဲ မရှိသော်လည်း ပညာရေးဌာနမှ ကျောင်းစိစစ်ရေးအဖွဲ့က လာရောက်စိစစ်ချိန်တွင် ကျောင်းဖွဲ့စည်းပုံ၊ အခန်းဖွဲ့စည်းပုံများ၊ စာသင်ခန်းအတွင်းရှိ စာသင်ခုံ များနေပါက ပြန်လည်လျော့ ခိုင်းခြင်းစသဖြင့် ပြန်လည်ပြုလုပ်ပေးရ ကြောင်း D- PEN အထက်တန်းအဆင့် သင်ကိုယ်ပိုင်ကျောင်း တည်ထောင်သူ ဆရာဦးကျော်က ပြောသည်။

“လျှောက်ထားတာတော့ မကျသေး ဘူး၊ ကျောင်းအနေအထားနဲ့ကတော့ လိုင်စင် မကျနိုင်စရာအကြောင်းတော့မရှိဘူး၊ သူတို့လိုအပ်ချက်အားလုံးကိုက်အောင်လုပ် ထားတာကိုး”ဟု ဆရာဦးကျော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ပညာသင် နှစ်က ထားဝယ်မြို့တွင် မူလတန်းအဆင့် သင် ကိုယ်ပိုင်ကျောင်းတစ်ကျောင်း၊ အထက်တန်းအဆင့်သင် ကိုယ်ပိုင်ကျောင်း နှစ်ကျောင်းရှိခဲ့ကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

မိုးမြင့်