ထားဝယ်သင်္ကြန်တွင် စတုဒိသာမဏ္ဍပ်ကြီး နှစ်ခုရှိမည်

0
563

ထားဝယ်မြို့တွင် သင်္ကြန်ကာလအတွင်း ထမင်းဟင်း ကျွေးမွေးမည့် စတုဒိသာမဏ္ဍပ်ကြီးနှစ်ခုရှိမည်ဖြစ် ကြောင်း ဦးဆောင်စီစဉ်နေသူများထံမှ သိရသည်။

ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက် မီးသုံးလုံးလမ်းဆုံတွင် သင်္ကြန်အကျနေ့မှ အတက်နေ့အထိ သုံးရက်တိုင်တိုင် ကျွေးမွေးမည်ဖြစ်ကြောင်း ယင်းစတုဒိသာမဏ္ဍပ် ဖြစ်မြောက်ရေး ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးအောင်မိုးနိုင်က ပြောသည်။

သင်္ကြန်ကာလအတွင်း တစ်ရက်လျှင် လူ၂၅၀၀ ဦးကို ကျွေးနိုင်ရန် စီစဉ်ထားပြီး  မနက် ၁၀ နာရီခွဲမှ အစားအသောက်များ ကုန်သည့်အချိန်ထိ ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

သင်္ကြန်အကျနေ့တွင် ကြက်ဥဟင်းနှင့် ထမင်း၊ အကြတ်နေ့တွင် ပဲကုလား ဟင်း၊ ငါးခြောက်ကြော်နှင့် ထမင်း၊ အတက်နေ့တွင် မုန့်တီလှော်(ဘီးဝန်းကြော်) ကျွေးမည် ဖြစ်သည်။

“ဘုရားဖူးကားတွေ လာရင်လည်း ညွှန်ပေးလိုက်ပါလို့ နီးစပ်ရာကို ပြောထားတယ်”ဟု ဦးဆောင်စီစဉ်သူ များအနက် တစ်ဦးဖြစ်သူ ဦးဇေယျာလင်းက ပြောသည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော် ရုံးဘေးရှိ (DDPC ဈေးဝယ်စင်တာအရှေ့)ကွင်းပြင်တွင်လည်း သင်္ကြန်ပွဲတော်ကာလ သုံးရက်တာကာလအတွင်း ထမင်း၊ ဟင်းများကျွေးမွေးမည့် စတုဒိသာမဏ္ဍပ် ရှိမည့်အပြင် ဖျော်ဖြေရေးမဏ္ဍပ်ကိုပါ တွဲဖက်ထားကြောင်း ဦးဆောင်စီစဉ်သူ များအနက် တစ်ဦးအပါအ၀င်ဖြစ်သူ ဦးအောင်ကိုက ပြောသည်။

နေ့စဉ် မနက် ၉ နာရီခန့်မှ ညနေ ၅ နာရီခန့်အထိ နေ့စဉ်ကျွေးမွေးမည် ဖြစ်ကြောင်း ဦးအောင်ကိုက ဆိုသည်။

Dawei Watch