သောက်သုံးရေ အခက်အခဲဖြစ်က မီးသတ်ဌာနသို့ ဆက်သွယ်ပါ

0
525

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကွက် ကျေးရွာများတွင် သောက်သုံးရေ အခက်အခဲဖြစ်ပါက ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာနသို့ အကူအညီ တောင်းခံနိုင်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတဆင့် အကူအညီတောင်းခံနိုင်ပြီး အကူအညီတောင်းခံလာပါက မီးသတ် ရေယာဉ်များဖြင့် သောက်သုံးရေများကို အိမ်တိုင်ရာရောက် အခမဲ့ပေးဝေမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။

လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း မြို့နယ်များမှ အကူအညီ တောင်းခံလာပါ က သက်ဆိုင်ရာမြို့နယ်မီးသတ်ဌာနများအား ပြန်လည်ညွှန်ကြားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သောက်သုံးရေအခက်အခဲရှိပါက ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာန၏ ဖုန်းနံ ပတ်များဖြစ်သည့် ၁၉၁၊ ၀၅၉ ၂၁၀၁၇ တို့ထံ ဆက်သွယ်နိုင်ကြောင်း ယင်းဌာန ထံမှ သိရသည်။

မိုးမြင့်