ထားဝယ်တွင် လူငါးဦး မိုးကြိုးပစ်ခံရ၊ နှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ဧပြီလ ၃၀ ရက် ညနေက လူငါးဦး မိုးကြိုးပစ်ခံခဲ့ရပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ရောင်းမော်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ထံမှ သိရသည်။ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေး ရွာတွင်ညနေ ၃ နာရီခန့်က မိုးကြိုးပစ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၄ နှစ် နှင့် အသက်...

တနင်္သာရီဂျာနယ် အယူခံအမှု ပလပ်ခံရ

တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို ခရိုင်တရားရုံးက မေလ ၃ ရက်တွင် ပလပ်ကြောင်း အမိန့်ချလိုက်သည်။ မဲဆွယ်အပြုံး သရော်စာဖော်ပြမှုကြောင့် တိုင်းအစိုးရက စွဲဆိုသည့်အမှုကို ထားဝယ်မြို့နယ်တရားရုံးက ဒဏ်ငွေ ငါးသိန်းကျပ် ပေးဆောင်စေရန် အမိန့်ချ ခဲ့ပြီးနောက် ခရိုင်တရားရုံးထံ အယူခံတင်သွင်းရာ ယင်းကဲ့သို့ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ထားဝယ်ကမ်းနားဈေး ယာယီပြောင်းမည်

ထားဝယ်ကမ်းနားဈေး ပျံကျနေရာကို ဆိပ်ကမ်းသာပန်းခြံဘက်သို့ ယာယီရွှေ့ပြောင်းတော့မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှ သိရသည်။ ကမ်းနားဈေး ပျံကျဈေးနေရာတွင် ခေါင်မိုးအပြည့်တည်ဆောက်ရန် ဈေးသည်များအား မေလ ၇ ရက်တွင် ပြောင်းရွှေ့ရန် လျာထားကြောင်း မြို့နယ်စည်ပင်အဖွဲ့မှ အမှုဆောင်အရာရှိက ဆိုသည်။

ပြန်သိမ်းမြေ ဧက ၃ သိန်းကျော်နှင့် ယခင်မြေလွတ်မြေလပ်များအပေါ် လုပ်ကိုင်ခွင့် လျှောက်ထားနိုင်

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ကာလအတွင်း စိုက်ပျိုးလုပ်ကိုင် မှုမရှိသဖြင့် ခွင့်ပြုမိန့် ရုပ်သိမ်းထားသည့် မြေဧက ၃ သိန်းကျော်အပါအ၀င် ယခင် မြေလွတ်မြေလပ်မြေရိုင်းများအား လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဦးမြင့်စန်းက ပြောသည်။ အထက်ပါမြေနေရာများအား လုပ်ကိုင်ခွင့် လျှောက်ထားလိုပါက သက်ဆိုင်ရာ...

ဟိန္ဒားသတ္တုတွင်းသို့ တိုင်းလွှတ်တော်ကော်မတီ ကွင်းဆင်းစိစစ်မည်

တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီပွားရေးကော်မတီသည် လာမည့်မေလဆန်းတွင် ဟိန္ဒားသတ္တုတွင်း သို့ ကွင်းဆင်းစိစစ်မည်ဖြစ်ကြောင်း ယင်း ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။ မေလ ၉ ရက်တွင် ကွင်းဆင်းရန် ယာယီသတ်မှတ်ထားကြောင်း ဦးကျော်မင်းက ပြောသည်။

တိုင်းလက်ရွေးစင်ဘောလုံးအသင်းများ စခန်းသွင်းချိန် ယခင်ထက် အချိန်တစ်လပိုယူမည်

တိုင်းနှင့်ပြည်နယ် ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်း လက်ရွေးစင် ဘောလုံးအသင်းများအား ယခင်ကထက် အချိန်တစ်လပိုယူကာ လေ့ကျင့်စေမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။ ယခင်က တိုင်းအဆင့်ဘောလုံး အသင်းများ၏ စခန်းသွင်း လေ့ကျင့်ချိန်ကို တစ်လခန့်သာ အချိန်ယူလေ့ရှိပြီး ယခုနှစ်...

ကလေးများကို ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရပ်တန့်ရေး လှုပ်ရှားမှု ပြုလုပ်မည်

ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု ရပ်တန့်ရေးအသိပညာပေး လှုပ်ရှား မှုကို ထားဝယ်မြို့တွင် မေလ ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တာ ပြုလုပ်မည်ဖြစ်ကြောင်း ဝေါလ်ဗွီရှင် မြန်မာနိုင်ငံတောင်ပိုင်းဇုန် ညှိနှိုင်းရေးမှူး စောဟင်စင်က ပြောသည်။ ယင်းလှုပ်ရှားမှုတွင် ကလေးများ အား...

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ရာနှုန်းပြည့်နီးပါးအောင်မြင်

တနင်္သာရီတိုင်းတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ စာမေးပွဲအောင်စာရင်းများကို ဧပြီလ ၂၁ ရက်က ထုတ်ပြန်ခဲ့ပြီး စာမေးပွဲ ဖြေဆိုသူ ရာနှုန်းပြည့်နီးပါး အောင်မြင် ကြောင်း တနင်္သာရီတိုင်းပညာ ရေးမှူးရုံးထံမှ သိရသည်။ တနင်္သာရီတစ်တိုင်းလုံးတွင် စတုတ္ထတန်း ဖြေဆိုသူ၏ ၉၉ ဒဿမ...

တနင်္သာရီတွင် ယခုလအတွင်း အကျဉ်းသား တစ်ထောင်နီးပါးလွှတ်၊ တတိယအကြိမ် ထပ်လွှတ်ပေးရန်ရှိ

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း အကျဉ်းသားဦးရေ တစ်ထောင်နီးပါးကို လွှတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ပထမအကြိမ်အဖြစ် နှစ်ဆန်းတစ် ရက်နေ့(ဧပြီလ ၁၇ ရက်) တွင် ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့ရှိ အကျဉ်းထောင် များနှင့် ဆင်ဖြူရှင်၊ ကျောက်ဖြူတောင်၊...

ထားဝယ်သင်္ကြန်တွင် ဒဏ်ရာရသူ သုံးဆယ်ကျော်ရှိ

သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထားဝယ်ဒေသတွင် လူနာသုံးဆယ်ကျော်ကို သယ်ဆောင်ပေးခဲ့ကြောင်း ဇမ်္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။ ထားဝယ်ကလေးသင်္ကြန်စတင်သည့် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့အထိ) ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာ ရသူ ၃၆ ဦးသယ်ဆောင်ပေးခဲ့ကြောင်း...