ထားဝယ်သင်္ကြန်တွင် ဒဏ်ရာရသူ သုံးဆယ်ကျော်ရှိ

0
479

သင်္ကြန်ကာလအတွင်း ယာဉ်မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထားဝယ်ဒေသတွင် လူနာသုံးဆယ်ကျော်ကို သယ်ဆောင်ပေးခဲ့ကြောင်း ဇမ်္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

ထားဝယ်ကလေးသင်္ကြန်စတင်သည့် ဧပြီလ ၁၁ ရက်မှ ၁၇ ရက်(နှစ်ဆန်း တစ်ရက်နေ့အထိ) ယာဉ်မတော်တဆမှုနှင့် ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ထိခိုက်ဒဏ်ရာ ရသူ ၃၆ ဦးသယ်ဆောင်ပေးခဲ့ကြောင်း ဇမ်္ဗူသီရိအရေးပေါ်လူနာကူညီသယ် ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ဆိုသည်။

“ကားတိုက်မှုက တစ်ခုပဲရှိတယ်၊ ကျန်တာက ဆိုင်ကယ်လဲတာ များတယ်”ဟု ဦးနိုင်မျိုးသွင်က ပြောသည်။

ယာဉ်မတော်တဆမှုများမှာ မြို့အပြင်ဘက်တွင် ဖြစ်ပွားမှုပိုများကြောင်း ၎င်းက ဆိုသည်။

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၃၃ ဦး၊ အရိုက်ခံရသူ ၂ ဦးနှင့် ဓားထိုးခံရသူ ၁ ဦးတို့ကို ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ဇမ္ဗူသီရိ စာရင်းအရ သိရသည်။                       

ကိုဇော်