ထားဝယ်ထီဆိုင်တစ်ခုတွင် ထီလက်မှတ်တစ်စောင် သိန်းငါးထောင်ဆုပေါက်နေ၊ ထီပေါက်သူအား မသိရသေး

ထားဝယ်မြို့ရှိ DELUXE III(ထားဝယ်) ပင်ရင်း ထီဆိုင်တွင် ၃ ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များအနက် လက်မှတ်တစ်စောင်မှ ကျပ်သိန်းငါးထောင်ဆုပေါက်နေသော်လည်း ကံထူးရှင်ကို မေလ ၇ ရက်အထိ မသိရသေးကြောင်း ယင်းထီဆိုင်ထံမှ သိရသည်။ ထီလက်မှတ် နံပါ ဗ ၆၂၆၂၈၆ သည် မိုးယံထီပင်ရင်းရုံးတွင်...

တနင်္သာရီတိုင်းကိစ္စ သမ္မတ ဘာတွေ ပြောသွားလဲ

NLD အစိုးရလက်ထက် တနင်္သာရီတိုင်း၏ ပထမဆုံးသော နိုင်ငံတော်သမ္မတ ခရီးစဉ်အဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စုဝန်ကြီးအချို့ မေလ ၃ ရက်က တနင်္သာရီတိုင်း ထားဝယ်မြို့သို့ လာရောက် ခဲ့သည်။ သမ္မတ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် တိုင်းအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့်...

မြေသိမ်းခံရမှု တိုင်ကြားချက်များအနက် တစ်ဝက်ကျော်ဖြေရှင်းပြီးဟု ထုတ်ပြန်

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ ပြည်သူများ တိုက်ရိုက်တိုင်ကြားလာမှုများအနက် တစ်ဝက်ကျော်ဖြေရှင်းပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ကော်မတီသို့ တိုက်ရိုက်တိုင်ကြားမှု ၄၃ မှုရှိခဲ့ရာ ၂၃ မှု ဖြေရှင်းဆောင်ရွက်ပြီးကြောင်း တိုင်းအစိုးရအဖွဲ့က ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

Clean Dawei အဖွဲ့ ရပ်ကွက်နှစ်ခုတွင် အမှိုက်ကိစ္စ စစ်တမ်းကောက်မည်

ထားဝယ်မြို့ပေါ်ရပ်ကွက်နှစ်ခုတွင် အမှိုက်စွန့်ပစ်ခြင်းနှင့် ပတ်သက်သည့် စစ်တမ်းတစ်ခုကို မေလနောက်ဆုံးအပတ်တွင် ကောက်ယူမည်ဖြစ်ကြောင်း Clean Dawei အဖွဲ့ထံမှ သိရသည်။ ဇရစ်/ခုံဝင်းဒပ်နှင့် အနောက်/မြို့တွင်းရပ်ကွက်နှစ်ခုတွင် နေအိမ်များမှ ထွက်ရှိသည့် အမှိုက်ကို စွန့်ပစ်သည့်စနစ်၊ အမှိုက်အမျိုးအစား ခွဲခြားမှု အစရှိသည့် အချက်များကို မေးမြန်းမည်ဖြစ်ပြီး အမှိုက်နှင့် ပတ်သက်သည့် အသိပညာပေးမှုများလည်း...

ကြားဖြတ်လူဦးရေသန်းခေါင် စာရင်းကောက်ရန် တနင်္သာရီတွင် ကောက်ကွက်တစ်ရာကျော်သတ်မှတ်

တနင်္သာရီတိုင်းအတွင်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရန်အတွက် ကောက်ကွက်(ကျေးရွာ၊ ရပ်ကွက်) တစ်ရာကျော် သတ်မှတ်ထားကြောင်း တနင်္သာရီတိုင်း လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ သိရသည်။ ယင်းကြားဖြတ်သန်းခေါင်စာရင်းကို ယခုနှစ် နိုဝင်ဘာလတွင်ကောက်ယူမည်ဖြစ်ပြီး ထားဝယ်ခရိုင်တွင် ကောက် ကွက် ၅၃ ကွက်၊ မြိတ်ခရိုင်တွင် ၆၀ ကွက်၊ ကော့သောင်းခရိုင်တွင်...

ထားဝယ်စက်မှုဇုန်ဖော်ဆောင်ရေး ကနဦးစစ်တမ်းကောက်

ထားဝယ်တွင် စက်မှုဇုန် ဖော်ဆောင်နိုင်ရေးအတွက်ထားဝယ်စည်ပင် နယ်နိမိတ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းများကို ကနဦးစစ်တမ်းကောက်ယူနေကြောင်း တနင်္သာရီတိုင်း ဒေသကြီး ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။ ကနဦးစစ်တမ်းကို တိုင်းဒေသကြီး ကုန်သည်/ စက်မှုအသင်းက ဦးဆောင်ကာ ယခုနှစ်မတ်လကုန်ပိုင်းမှ စတင်ကောက်ယူနေကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်က ဆိုသည်။

ထားဝယ်မြစ်အတွင်း မျောလာသည့် သစ်မြစ်ဆုံများကို ပန်းပုရုပ်ထု

ထားဝယ်မြစ်အတွင်း မျောပါလာသည့် သစ်မြစ်ဆုံများကို တိရိစ္ဆာန်ရုပ်ထု ပန်းပုထုနေလုပ်ကြောင်း ကြက်စားပြင် ရပ်ကွက်ရှိ ပန်းပုဆရာထံမှ သိရသည်။ လက်ရှိတွင် လုပ်ငန်းရှင်တစ်ဦးက မှာယူထားသည့်အတွက် အမြင့် ငါးပေ၊ အနံ ခြောက်ပေခန့်ရှိ သစ်မြစ်ဆုံတစ်ခုတွင် တိရိစ္ဆာန်အချို့၏ ရုပ်လုံးများကို ထုလုပ်နေကြောင်း ပန်းပုဆရာဖြစ်သူ ဦးမြတ်သူ က...

ငါးဖမ်းပိုက်များပျက်စီးမှု PTTEP ပိုက်လိုင်းကြောင့်ဖြစ်ပါက လျော်ကြေးပေးသင့်ဟု ငါးဦးစီး အကြံပြု

ကံပေါက်ဒေသ၊ ကျောက်ထရံကျေး ရွာနှင့် ဖြူနတ်ကျေးရွာရှိ ရေလုပ်သားများ၏ ငါးဖမ်းပိုက်များ ပျက်စီးမှုမှာ PTTEP ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဖြစ်ပါက လျော်ကြေးပေးသင့်သည်ဟု အကြံပြုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနထံမှ သိရသည်။ PTTEP ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇောတိကစီမံကိန်း၏ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဇာဒီကျေးရွာအုပ်စု၊...

နိုင်ငံတော်သမ္မတ တနင်္သာရီတိုင်းခရီးစဉ် တိုင်စာ ငါးဆယ်ကျော်ရ

နိုင်ငံတော်သမ္မတ၏ တနင်္သာရီ တိုင်းခရီးစဉ်အတွင်း တိုင်စာ ငါးဆယ်ကျော် ရရှိခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။ ထားဝယ်ခရိုင်တွင် တိုင်စာ ၂၅ စောင် ရရှိခဲ့ပြီး မြိတ်ခရိုင်တွင် တိုင်စာ ၂၇ စောင် ရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

တီတွတ်ပြင်ရွာတွင် တောမီးလေးရက်ကြာလောင်ကျွမ်း ဘုန်းကြီးကျောင်းမီးလောင်ရာပါ

သရက်ချောင်းမြို့နယ်၊ တီတွတ်ပြင်ရွာတွင် တောမီးလေးရက်ကြာလောင်ကျွမ်း ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ရွှေတောင်ဘုန်းကြီးကျောင်းရှိသည့် တောင်တွင် ဧပြီလ ၂၆ ရက်မှ ၂၉ ရက် အထိ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးမှတဆင့် ယင်းဘုန်းကြီးကျောင်းတွင်ရှိ သည့် နှစ်ထပ်ဆွမ်းစားဆောင်နှင့် ဇရပ် တစ်ဆောင်ကိုမီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သရက်ချောင်းမြို့နယ်မီးသတ် ဦးစီးဌာနထံမှ သိရသည်။