တနင်္သာရီတိုင်းတွင် နှစ်ဆန်းတစ်ရက်မှစပြီး ခုနစ်ရက်ကြာ မိုးရွာနိုင်ခြေရှိဟု မိုးဇလထုတ်ပြန်

မနက်ဖြန် ကျရောက်သည့် မြန်မာနှစ်ဆန်းတစ်ရက်မှစတင်ပြီး ခုနစ်ရက်ကြာ တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်နှင့် အရှေ့ဘက်မှ ရွေ့လျားလာသော တိမ်တိုက်များ‌ကြောင့် အပူပျံတက်တိမ် အားကောင်းခြင်းကြောင့်...

ထီးထဗျူဟာစခန်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅၄ ယောက်လက်နက်ချ

ထိုင်း-မြန်မာနယ်စပ် ထီးထဗျူဟာစခန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက စောင့်ကြိုတိုက်ခိုက်သဖြင့် ၆ ဦးသေဆုံးကာ ၅၄ ဦးလက်နက်ချခဲ့ကြောင်း KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)ထံမှသိရသည်။ ကမာပလောနယ်စပ်စခန်းကို စွန့်ခွာပြီး မောထစခန်းတွင် ခေတ္တနားနေခဲ့ပြီးနောက် ထီးထဗျူဟာစခန်းကို အင်အားပူးပေါင်းရန်...

သရက်ချောင်းတွင် မြေမြုပ်မိုင်းနင်းမိမှုများ ဆက်တိုက်ဖြစ်လာ

သရက်ချောင်းမြို့နယ်တွင် မြေမြုပ်မိုင်းနင်းမိသည့်ဖြစ်စဉ် ဆက်တိုဖြစ်လာသည်ဟု ဒေသခံများထံက သိရသည်။ လွန်ခဲ့သည့် လေးငါးရက် (ဧပြီလ ၁၁ ရက်ခန့်)က မဲနယ်အိုးရွာမှ အမျိုးသမီးတစ်ဦး မြေမြုပ်မိုးနင်းမိမှုဖြစ်ပြီး ခြေတစ်ဖက်ပြတ်သွားသည်ဟု ဒေသခံအချို့နှင့်ဆေးရုံပို့ပေးခဲ့သည့်ပရဟိတအသင်းဝင်အချို့က ပြောသည်။

စစ်ကောင်စီတပ်က လောင်းလုံးတွင် နေအိမ်များဖျက်ဆီးပြီး ဒေသခံအချို့ကိုဖမ်းဆီး

ပြည်သူ့ကာကွယ်ရေးတပ်များ၏ လာရောက်တိုက်ခိုက်မှု ခံရပြီးနောက် လောင်းလုံးမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်က မြို့တွင်းရှိ နေအိမ်များကို မွှေနှောက်ဖျက်စီးကာ ဒေသခံအချို့ကို ဖမ်းဆီးသွားကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သင်္ကြန်အကြိုနေ့က စစ်ကောင်စီတပ်ကို လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်ခံရပြီးနောက် ယင်းရွာလယ်ဘုန်းကြီးကျောင်းအနီးရှိ ‌အိမ်များအတွင်း...

လောင်းလုံး စမ်းလှမ်းရွာတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် ၊ စမ်းလှမ်းရွာတွင် နေထိုင်သည့် ပျူစောထီးဦးအောင်ခင် ဆိုသူကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၁၄ ရက် ညက ပစ်သတ်လိုက်ကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ ဦးအောင်ခင် သည် လောင်းလုံးဒေသခံမဟုတ်ဘဲ ရန်ကုန်တိုင်းမှတ်ပုံတင်ကို...

ထားဝယ်ဒေသက အတာအိုးထုတ်လုပ်မှု ဆက်တိုက်ကျဆင်း

စစ်အာဏာသိမ်းပြီးချိန်မှစကာ ထားဝယ်ဒေသရှိ အတာအိုးလုပ်ငန်းများမှာ ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာနေကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ထားဝယ်မြို့ ၊ အိုးလုပ်ရပ်ကွက် ၊ အိုးလုပ်ရုံများတွင် ယခုကျရောက်မည့် နှစ်သစ်ကူး မဟာသင်္ကြန်ကာလအတွက် အတာအိုး ထုတ်လုပ်မှုပမာဏ ယခင်နှစ်များထက် ပိုမိုလျော့နည်းကြောင်း အိုးလုပ်ငန်း...

မောင်းမကန်သွား သုံးထပ်လမ်းအကွေ့တွင် ပစ်ခတ်မှုဖြစ်ပွား

‌ထားဝယ်- မောင်းမကန်သွားလမ်း မောင်းမကန်ကျေးရွာအနီးရှိ သုံးထပ်လမ်းတွင် ယနေ့(ဧပြီ ၁၂)နံနက်ပိုင်းက ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ နံနက်လင်းချိန်တွင် လက်နက်ကြီးသံ ခုနစ်ချက်ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရသည်ဟုဆိုသည်။ သုံးထပ်လမ်း ရူ့ခင်းသာနေရာမရောက်မီ...

လောင်းလုံးပြင်းထိန်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ပြင်းထိန်ရွာတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၂) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။ ပစ်သတ်ခံရသူမှာ ပြင်းထိန်ရွာသား ဦးကြည်လေးဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက ဝက်မွေးမြူရေးခြံကို အစာသွားကျွေးစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်းသို့ ပြေးဆွဲသည့် အဝေးပြေးယာဥ်လိုင်းများ သင်္ကြန်ကာလ ရပ်နားမည်

ရန်ကုန်မှ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်မြို့များသို့ ပြေးဆွဲနေသည့် အဝေးပြေးယာဥ်လိုင်းအားလုံး နှစ်သစ်ကူးမဟာသင်္ကြန်ကာလအတွင်း ရပ်နားထားမည်ဖြစ်ကြောင်း ယာဥ်လိုင်းများထံက သိရသည်။ သင်္ကြန်အကြိုရက် ဧပြီ ၁၃ ရက်မှ နှစ်ဆန်းနှစ်ရက် ဧပြီ ၁၈ ရက်အထိ ပြေးဆွဲမှု...

စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပကာရီရွာ ဒေသခံရှစ်ဦး ပြန်လွတ်

စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ချိန်ဖမ်းဆီးသွားသည့် ထားဝယ်မြို့နယ် ပကာရီကျေးရွာက ဒေသခံ ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ပကာရီရွာရှိ စစ်ကောင်စီတပ်စခန်းကို အင်အားဖြည့်ရန် ဧပြီလ ၂ရက်နေ့က ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းသည် လမ်းတွင်တွေ့သည့် ပကာရီဒေသခံ...