လောင်းလုံးပြင်းထိန်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
648

လောင်းလုံးမြို့နယ်၊ပြင်းထိန်ရွာတွင် အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ယနေ့ (ဧပြီ ၁၂) နံနက်ပိုင်းက ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများထံမှသိရသည်။

ပစ်သတ်ခံရသူမှာ ပြင်းထိန်ရွာသား ဦးကြည်လေးဆိုသူဖြစ်ပြီး ယနေ့မနက်ပိုင်းက ဝက်မွေးမြူရေးခြံကို အစာသွားကျွေးစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သေနတ်သံ က သုံးချက်လောက်ကြားရတယ်။ သူက မွေးမြူရေးလုပ် လယ်စိုက်ပေါ့” ဟု ၎င်းကပြောသည်။

ဦးကြည်လေးကို ယခုရက်သတ္တပတ်အတွင်း၌ပင် PDF အဖွဲ့ တစ်ခု က လာရောက် သတိပေးခဲ့နောက် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် မိသားစုက နေအိမ်သို့ သယ်ယူသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ဝေဒီရွာသူ အမျိုးသမီးတစ်ဦးကို PDF အဖွဲ့ တစ်ဖွဲမှ ဖမ်းဆီးသွားခဲ့ပြီး နောက် ‌၂ ရက်အကြာတွင် ဝေဒီရွာ၏အရှေ့ဘက် ထားဝယ်မြစ်တစ်ဖက်ကမ်းရှိ သရက်ချောင်းမြို့နယ်၊ညောင်ဇင်ရွာနီးတွင် ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

လောင်းလုံးတွင် မတ်လမှစ၍ ယနေ့အထိ ပစ်သတ်ခံရသူ နှစ်ဦးရှိပြီဖြစ်သော်လည်း ပစ်သတ်ရသည့် အကြောင်းအရင်းကို မည်သည့်အဖွဲ့ကမှ ထုတ်ပြန်ရှင်းလင်းခြင်း မရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့ကလည်း ရှင်မော်ဘက်ဘုရားဖူးရန် ထွက်သွားသည့် စစ်ပြဲရွာသားနှစ်ဦး ကျောက်နီမော်ရွာသို့ဖြတ်သွားစဉ် ပျူစောထီးအဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် ယနေ့အထိပျောက်ဆုံးနေသည်။