မောင်းမကန်သွား သုံးထပ်လမ်းအကွေ့တွင် ပစ်ခတ်မှုဖြစ်ပွား

0
704
ပုံစာ - သုံးထပ်းလမ်းအတက်တွင်တွေ့ရသည့် ရေနဂါးလမ်းခွဲ။

‌ထားဝယ်- မောင်းမကန်သွားလမ်း မောင်းမကန်ကျေးရွာအနီးရှိ သုံးထပ်လမ်းတွင် ယနေ့(ဧပြီ ၁၂)နံနက်ပိုင်းက ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

နံနက်လင်းချိန်တွင် လက်နက်ကြီးသံ ခုနစ်ချက်ကြားရပြီး လက်နက်ငယ်ပစ်ခတ်သံများလည်း ဆက်တိုက်ကြားရသည်ဟုဆိုသည်။

သုံးထပ်လမ်း ရူ့ခင်းသာနေရာမရောက်မီ လမ်းကွေ့တွင်မူ ကားမှန်များကွဲကြေနေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံတစ်ဦးကဆိုသည်။

“အဲနားမှာ ကားပဲမိုင်းဆွဲခံရတာလားမသိဘူး။ ကားမှန်တွေကြေ‌ပြီး တစ်လမ်းလုံးပြန့်ကြဲနေတာ။ ကားမိုင်းဆွဲခံရလို့ပဲ သုံးထပ်လမ်းအောက်ကလျိုထဲကို (စစ်ကောင်စီတပ်က) ပစ်ထည့်တာနေမယ်” ဟု ၎င်းမျက်မြင်တွေ့သူကဆိုသည်။

စစ်ကောင်စီတပ်မှာ မနက်ဝေလီဝေလင်းအချိန်ကပင် သုံးထပ်လမ်းအောက်ရှိ တောရှည်ကျေးရွာတစ်လျှောက်လုံးတွင်ရှိနေခဲ့ကြောင်း ဒေသခံများကဆိုသည်။