ဘီယာ ဈေးမြင့်တက်

ထားဝယ်ဈေးကွက်တွင် မတ်လ တတိယပတ်မှစပြီး ဘီယာများ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန် နှိုးဆော်နေကြပြီးနောက် စစ်တပ်နှင့် မဆက်နွှယ်သည့် ဘီယာများ ထားဝယ်ဈေးကွက်တွင် ပိုမိုရောင်းချရကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ထားဝယ်မြို့မှ...

လောင်းလုံး တီဇစ်ကျေးရွာသွားလမ်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်ခတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တီဇစ်ကျေးရွာ သွားလမ်းတစ်နေရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦး ဧပြီလ ၄ ရက် ညနေပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ညင်းမော်ကျေးရွာသား အသက် ၄၀ ကျော်အရွယ်...

ကံပေါက်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရ

ရေဖြူမြို့နယ် ကံပေါက်ရွာတွင် ဆိုင်ကယ်စီးလာသည့် အသက် ၂၀ အရွယ် လူငယ်နှစ်ဦး ယနေ့ (ဧပြီ ၄) နေ့လယ် ၁၂ နာရီကျော်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးသွားပြီဟု သတင်းများထွက်ပေါ် နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

စာမေးပွဲဖြေခါနီး ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာနအနီးတွင် မိုင်းပေါက်

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ အထက်တန်းကျောင်းစာစစ်ဌာန ကျောင်းအနောက်ဘက် ကိုက် ၁၀၀ ခန့်တွင် ယနေ့ (ဧပြီ ၄) နံနက် ၈ နာရီ ၃၅ မိနစ်ခန့်က မိုင်းပေါက်ကွဲကြောင်း ယင်းစာစစ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ပျောက်တွင် ရွာသားတစ်ဦးအသတ်ခံရပြီး တစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံး၊ နေအိမ်ခုနစ်လုံး မီးရှို့ခံရ

တိုက်ပွဲဖြစ်ပွားနေသည့် တောင်ပျောက်တိုက်နယ် ကျောက်အိုင်ရွာသားတစ်ဦး လက်ထိပ်တန်းလန်းဖြင့် အသတ်ခံရပြီး နောက်တစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးကာ ကျေးရွာသုံးရွာက နေအိမ် ခုနစ်လုံးလည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်အိုင်ရွာသား ကိုလင်းမောင်ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် လက်ထိပ်တန်းလန်းဖြင့်...

ဘတ်ခြောက်သန်း ထိုင်းထီပေါက်သည့် လောင်းလုံးမြို့နယ်သူ ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေဟုဆို

ဧပြီလ ၁ ရက်က ထွက်ရှိသည့် ထိုင်းထီ ပထမဆု (ဘတ်ခြောက်သန်းဆု) ပေါက်သူမှာ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်သူတစ်ဦးဖြစ်ပြီး ဆုငွေထုတ်ရန် အခက်အခဲဖြစ်နေကြောင်း ၎င်းကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။ ထိုင်းထီပေါက်သူမှာ လက်ရှိ မြန်မာနိုင်ငံထဲတွင်...

တောင်ပျောက်တိုက်နယ်တွင် တိုက်ပွဲပြင်းထန်နေ

တောင်ပျောက်တိုက်နယ် မယ်ကဲကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ (ဧပြီ ၂) ရက် မွန်းလွဲ ၂ နာရီခန့်ကတည်းက တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ ညနေ...

ဖမ်းခံထားရသည့် တောင်ပျောက်တိုက်နယ် ဒေသခံ ၁၅ ဦး ၃ ရက်ကြာအထိပြန်မလွတ်သေးဟု မိသားစုဝင်များဆို

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် တောင်ပျောက်တိုက်နယ်မှ ဒေသခံအမျိုးသား ၁၅ ဦးမှာ ယနေ့(ဧပြီ ၂)နံနက်အထိ ပြန်မလွတ်လာသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။ တောထဲတွင်စစ်ဘေးရှောင်နေသည့် မိသားစုများထဲမှ အမျိုးသား ၁၅ ဦးကို စစ်‌ကောင်စီတပ်က မတ်လ...

ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူး ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ

ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း-ထားဝယ်အား ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ထားသည်။ ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှု...

သာဂရမြို့ဟောင်းရွာ အုပ်ချုပ်ရေးမှူးနှင့် ဖခင်ဖြစ်သူတို့ ပစ်ခတ်ခံရသဖြင့် သေဆုံး

လောင်းလုံးမြို့နယ်က သာဂရမြို့ဟောင်းဟုထင်ရှားသည့် မြို့ဟောင်းရွာက အုပ်ချုပ်ရေးမှူးနှင့် ဖွားဘုတ်ပြင်းရွာတွင် နေထိုင်သည့် ၎င်း၏ ဖခင်ဖြစ်သူတို့ ယနေ့ (ဧပြီ ၁) သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံ က သိရသည်။ အသက် ၄၈...