ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် မိုင်းပေါက်

ထားဝယ်မြို့ အာဇာနည်ဗိမာန်အနီးတွင် ယနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တိုင်းလွှတ်တော်ရုံးအနီး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ မိုင်းပေါက်ကွဲမှု အသံကို နေ့လယ် ၁၁...

သဘော့ဆိပ်ပြင်ကြီးရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (ဇူလိုင် ၁၉) နေ့လယ်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်ရှိ ဦးဇော်လတ်ဆိုသူဖြစ်ပြီး ကရင်ကြီးကျေးရွာမှ ပြင်ကြီးဖက်သို့ လာစဉ်...

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၀ ကျော်ရှိပြီး တစ်ဦးသေဆုံး

ထားဝယ်ခရိုင်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၇၂ ဦးရှိပြီး တစ်ဦးသေဆုံးသွားကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယင်းစာရင်းသည် ၂၀၂၂ ခုနှစ် နှစ်စမှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကျန်းမာရေးဌာနတစ်ခုတည်း၏ စာရင်းဖြစ်ပြီး ပုဂ္ဂလိကဆေးရုံ ဆေးခန်းများတွင်လည်း...

ဘီးလင်းတွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက် ငါးဦးသေ၊ ခြောက်ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်လမ်းမ သပြေနီကျေးရွာ သံတံတားအနီးတွင် ယနေ့ နံနက်ပိုင်းက ဟိုက်ဂျက်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ငါးဦးသေဆုံးကာ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီအချိန်ခန့်က...

တောင်ပျောက်တိုက်နယ်တွင် ၂ ပတ်ကြာတိုက်ပွဲပြင်းထန်၊ နှစ်ဖက်အကျအဆုံးများရှိ

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ဒေသခံအချို့၏ ပြောပြချက်အရသိရသည်။ နှစ်ပတ်တာကာလအတွင်း တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေးတပ်များဘက်က...

ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီး အမျိုးသားအလောင်းတွေ့

လောင်းလုံးမြို့နယ် ကြည့်မျှော်တောင်ဘုရား တောင်တက်လမ်းအနီးတွင် ယနေ့ (ဇူလိုင် ၁၈) မွန်းလွဲ ၂နာရီခန့်က အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရသိရသည်။ ကြည့်မျှော်တောင်ဘုရားမှာ စခန်းကြီးကျေးရွာအုပ်စု စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားတွင် တည်ရှိသည်။

ညင်းမော်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာတွင် မနေ့ည(ဇူလိုင် ၁၇)က အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ညင်းမော်ရွာသား ဦးကျော်စိုးဆိုသူဖြစ်ပြီး ယင်းနေ့ည ရှစ်နာရီ ကျော်ကျော်ခန့်က အမျိုးသမီး နှင့်အတူရှိနေစဉ် ၎င်း၏နေအိမ်၌ပင် ပစ်သတ်ခံရခြင်းဖြစ်သည်။

ရေဖြူ မူးဒူးရွာတွင် သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ပစ်သတ်ခံရ

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ မူးဒူးရွာတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဇနီး၏ တူတော်စပ်သူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။  ပစ်သတ်ခံရသဖြင့် သေဆုံးသွားသူမှာ ဦးပိုင်သန်းဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း...

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးတွေ့သူ လေးဦးရှိလာ

ထားဝယ်ခရိုင်တွင် သုံးရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဇူလိုင်လ ၁၄ ရက် ရေဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာတစ်ဦး စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းလူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သူများကို စစ်ဆေးရာမှ ထားဝယ်နှင့် ရေဖြူမြို့နယ်တို့မှ နောက်ထပ်...

လောင်းလုံး ပိန္နဲတောရွာတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ပိန္နဲတောရွာ၌ ယနေ့ (ဇူလိုင် ၁၆) နံနက် ၆ နာရီဝန်းကျင်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရပြီး သေဆုံးသွားသူမှာ အသက် ၄၀ ဝန်းကျင်အရွယ်...