ဩဇာသီးနဲ့ သံပရာရည်တွဲသောက်ရင် သေတယ်ဆိုတာ ဟုတ်ရဲ့လား

ဩဇာသီးစားပြီး သံပရာရည်သောက်လိုက်ရင် သေတယ်ဆိုတဲ့အကြောင်းအရာကို အင်တာနက် လူမှုကွန်ရက်ပေါ်မှာ မျှဝေသူအများအပြားနဲ့ ပျံ့နှံ့နေပါတယ်။ “သတိ …! ဒီရာသီမှာ အထူးသတိထားပါ။ ဩဇာသီး လေး ငါးလုံးစားပြီးနည်းနည်း ခေါင်းမူးလာလို့ သံပုရာရည် သောက်လိုက်တဲ့ မိတ်ဆွေ သံပုရာရည်တောင်...

တော်လှန်ရေးအယောင်ဆောင် ငွေလိမ်အလှူခံတာတွေ သတိပြုပါ

ဆိုရှယ်မီဒီယာပေါ်မှာ အကောင့်တု၊ ပေ့ခ်ျ (Page) အတု ဖန်တီးလိမ်လည်တာတွေ အရမ်းပေါလာပါတယ်။ အဲဒီအထဲမှာ တော်လှန်ရေးသမား အယောင်ဆောင်လိမ်လည်တာတွေလည်း ပါဝင်ပါတယ်။ အယောင်ဆောင်သမားတွေ လိမ်လည်နေတဲ့ တိုင်းအတွင်းက အခြေအနေတွေကို အချက်အလက် စိစစ်ဖော်ပြ ပေးလိုက်ပါတယ်။

သတင်းအတု၊ သတင်းအမှားတွေကြားက တနင်္သာရီ

“ရွာထဲကို စစ်ကြောင်းဝင်လာနေတယ်တဲ့” ပြောလက်စ လက်ကိုင်ဖုန်းကိုချပြီး ထမင်းဝိုင်းဖက်လှည့်ကာ ကိုမိုးနိုင်က အသံခပ်အုပ်အုပ်နဲ့ အသိပေးလိုက်တယ်။ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြောပြလာတဲ့ သတင်းစကားကို သူ့မိသားစုကို တစ်ဆင့်ပြန် ပြောပြလိုက်တာ ဖြစ်ပါတယ်။

ဇမ္ဗူသီရိပရဟိတအဖွဲ့ ဦးဆောင်သူအသတ်ခံရတယ်လို့ သတင်းအမှားဖြန့်

ထားဝယ်အခြေစိုက် ပရဟိတအဖွဲ့တစ်ခုဖြစ်တဲ့ ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် အသတ်ခံရတယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တချို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေကြပါတယ်။ Subscribe လုပ်ထားသူ တစ်သောင်းလေးထောင်ကျော်ရှိတဲ့ DGF21news၊ subscribe လုပ်ထားသူ တစ်သောင်း ရှစ်ထောင်ကျော်ရှိတဲ့ Snow Queen၊...

ကော်သူးလေတပ်မတော် ဒုစစ်ဦးစီးချုပ်ကွယ်လွန်တာ လက်နက်ကြီးထိမှန်လို့ဆိုပြီး အချိန်ကိုက်သတင်းမှားဖြန့်

ကော်သူးလေတပ်မတော် (KTLA) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘဝါး လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာကို ဆေးကုသနေရင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆေးရုံတစ်ရုံမှာ ဒီဇင်ဘာလ ၂၈ ရက်ညက သေဆုံးသွားတယ်လို့ လူမှုကွန်ရက် အကောင့်တချို့မှာ ဖော်ပြနေကြပါတယ်။ အဲဒီဖော်ပြချက်တွေ Dawei Watch က အချက်အလက်စစ်ဆေးကြည့်ရာ အချက်အလက်မှားယွင်းနေတာကို တွေ့ရှိ ရပါတယ်။ အဲဒီသတင်းအမှားတွေဟာ...

ဗေဒင်နဲ့ အကြားအမြင် လိုင်စင် အမိန့်စာ အတု

ဗေဒင်နဲ့ အကြားအမြင် ဟောကိန်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်၊ လိုင်စင်မလျှောက်ဘဲ ဟောရင် အရေးယူမယ်ဆိုတဲ့ အမိန့်စာ ဇူလိုင် ၂၃ ရက်နေ့ က Facebook ပေါ်ကနေ စတင်ပျံ့နှံ့လာပြီး တစ်ရက်အတွင်းမှာတင် မျှဝေသူတွေ အတော်များပြားခဲ့ပါတယ်။ အသေးစိတ် စိစစ်လိုက်တဲ့ အချိန်မှာ ဒီစာဟာ...

စစ်ကောင်စီ ဖမ်းတာခံခဲ့ရတဲ့ ပြည်သူတွေကို PDF နဲ့ ထောက်ပို့အဖြစ် ပုံဖော်သတင်းမှားဖြန့်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စုက ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဇူလိုင် ၂၇ ရက်နေ့ ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူတွေဟာ PDF တွေလို့ တယ်လီဂရမ်ချန်နယ် အချို့မှာ ဖြန့်ဝေနေပါတယ်။  Dawei Watch အနေနဲ့ ဒီဖြစ်စဉ်ကို အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ သတင်းမှား ဆိုတာ စိစစ်တွေ့ခဲ့ရပါတယ်။

ဗိုလ်ကြီးဟောင်းနေမျိုးဇင် သေဆုံးပြီဆိုသည့် သတင်းအမှား

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်အပါအဝင် ဆိုရှယ်မီဒီယာ အ‌ကောင့်တို့က ဗိုလ်ကြီးဟောင်း နေမျိုးဇင် သေဆုံးသွားပြီဖြစ်ကြောင်း သတင်းများ ဖြန့်ချီနေကြသည်။ ယင်းအပေါ် Dawei Watch က အချက်လက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရသည်။ အဆိုပါသတင်းကို စတင်ဖြန့်ချီသူမှာ Naung Taw Lay အမည်ဖြင့် တယ်လီဂရမ်ချန်နယ်ဖြစ်ပြီး ဧပြီလ ၁...

သတိထားရမယ့် ချေးငွေအကြောင်းပြငွေကြေးလိမ်လည်မှု

ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ နည်းမျိုးစုံသုံးပြီး လိမ်လည်နေတာတွေထဲမှာ ချေးငွေအကြောင်းပြ ငွေကြေးလိမ်လည်မှုလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အသေးစားချေးငွေတွေ ထုတ်ချေးပေးနေတယ်လို့ ရေးသားဖြန့်ဝေနေတာတွေဟာ အမှန်တကယ် ချေးငွေထုတ်ချေး ပေးနေတာ မဟုတ်ဘဲ ငွေကြေးလိမ်လည်နေတာပဲဖြစ်တယ်ဆိုတာကို Dawei Watch ရဲ့ အချက်အလက်...

လောင်းလုံးက ကျေးရွာအချို့ ပြောင်းရမယ်ဆိုတဲ့ သတင်းမှား

လောင်းလုံးမြို့နယ်ထဲက ဗိုလ်မှူးဗထူးရဲ့ မွေးရပ်မြေဖြစ်တဲ့ လေးသွန်းခံ ရွာနဲ့ အနီးအနားက ရွာတွေ ပြောင်းရမယ်ဆိုပြီး တစ်ဆင့် စကား တစ်ဆင့် နားနဲ့ ဒေသပြည်သူတွေ ကြားမှာ အတော်ကြီးကို ပျံ့နှံ့နေပါတယ်။ ပျံ့နှံနံ့မှု များသလို စိုးရိမ်ပူပန်စိတ်နဲ့ ထားဝယ်မြို့ပေါ်မှာ မြေဝယ်ဖို့ ၊...