ဗေဒင်နဲ့ အကြားအမြင် လိုင်စင် အမိန့်စာ အတု

0
2287

ဗေဒင်နဲ့ အကြားအမြင် ဟောကိန်းထုတ်သူတွေ လိုင်စင်လျှောက်ရမယ်၊ လိုင်စင်မလျှောက်ဘဲ ဟောရင် အရေးယူမယ်ဆိုတဲ့ အမိန့်စာ ဇူလိုင် ၂၃ ရက်နေ့ က Facebook ပေါ်ကနေ စတင်ပျံ့နှံ့လာပြီး တစ်ရက်အတွင်းမှာတင် မျှဝေသူတွေ အတော်များပြားခဲ့ပါတယ်။ အသေးစိတ် စိစစ်လိုက်တဲ့ အချိန်မှာ ဒီစာဟာ အတုဖြစ်နေတာကို တွေ့ရပါတယ်။

အမိန့်စာကို ဓာတ်ပုံကို သိမ်းပြီးမှ ထပ်ဆင့် ဖြန့်ချိသူတွေ များတာမို့ မူရင်းဖြန်ဝေသူကို ရှာမတွေ့ခဲ့ပေမယ့် Facebook ရဲ့ Search Facebook ဆိုတဲ့ နေရာမှာ ‘အကြားအမြင် လိုင်စင်’ လို့ရိုက်ထည့်လိုက်ရင် အမိန့်စာနဲ့ပတ်သက်ပြီး မျှဝေထားသူတွေ ပေါ်လာတာ တွေ့ရပါတယ်။

Kyaw Win Maung ဆိုတဲ့ Telegram အကောင့်ကနေလည်း ဇူလိုင် ၂၄ ရက်နေ့မှာ အမိန့်စာကို မျှဝေခဲပါသေးတယ်။

Archive Link- https://archive.ph/mJYDl

ပျံ့နှံ့မှု များပြားတဲ့အတွက် အချက်အလက်မှန် မမှန် စစ်ဆေးကြည့်တဲ့အခါမှာ ပထမဆုံးအနေနဲ့ အမိန့်စာကို စစ်ဆေးကြည့်တဲ့အခါမှာ ‘ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ သာသနာအစိုးရ သာသနာရေးဝန်ကြီးဌာန’ လို့ ဝန်ကြီးဌာနနာမည်ကို အမိန့်စာမှာ ရေးသားထားပေမယ့် အမှန်တကယ် ဝန်ကြီးဌာနရဲ့ အမည်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာ ဖြစ်ပါတယ်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website ကို ဒီနေရာတွင် ကြည့်ပါ ။
https://www.mora.gov.mm/

ပျံ့နှံ့နေတဲ့ အမိန့်စာမှာ အသုံးပြုထားတဲ့ Logo ဟာလည်း အရင်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာတွေမှာ အသုံးပြုခြင်းမရှိဘဲ ကြေညာချက်အချို့မှာသာ ၎င်းတို့ ဝန်ကြီးဌာနရဲ့ Logo ကို အသုံးပြုလေ့ရှိတာ တွေ့ရပါတယ်။

Archive Link – https://archive.ph/B2kSU

ဒါ့အပြင် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ Website မှာ ဇူလိုင် ၂၄ ရက်နေ့မှာပဲ“စာအတုဖြစ်ကြောင်း ဖော်ပြခြင်း” ဆိုပြီး ပျံ့နှံ့နေတဲ့ အမိန့်စာအပေါ်မှာ “အတု ဖြစ်ပါသည်” ဟူ၍ ဖော်ပြထားခဲ့ပါတယ်။

Archive link – https://archive.ph/VKbLy#

အမိန့်စာနဲ့ ပတ်သက်လို့ အချက်အလက် စစ်ဆေး‌ရေး ဌာနတစ်ခုဖြစ်တဲ့ တွေးပြီးမှယုံ – Think Before You Trust ရဲ့ စာမျက်နှာမှာလည်း “ ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်တာကို ကန့်သတ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု” ဆိုတဲ့ ခေါင်းစဉ်နဲ့ အမိန့်စာ အတုဖြစ်ကြောင်း ဇူလိုင် ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။

တွေးပြီးမှယုံ- Think Before You Trust ရဲ့ အချက်အလက် စစ်ဆေးချက် – https://www.facebook.com/ThinkBeforeYouTrust/posts/pfbid021sDDWeQjJ93y634Gg2axabfnmuykgYaPyWdbdctjPcyZ58VX5Bw5TLVWJi8m1GREl

ဒါကြောင့် ဗေဒင်၊ အကြားအမြင်နဲ့ ပတ်သက်ပြီး လိုင်စင် လုပ်ရမယ်ဆိုတဲ့ အမိန့်စာက အတုသာ ဖြစ်ပါတယ်။

စာဖတ်သူတွေအနေနဲ့ အကြောင်းအရာတစ်ခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့တာတွေ များလာတိုင်း ချက်ချင်း မယုံကြည်ဘဲ သတင်းဌာနတွေ၊ သက်ဆိုင်ရာ ဌာနတွေမှာ စောင့်ကြည့် ရှာဖွေပြီးမှသာ ယုံကြည်ဖို့ အကြုံပြုလိုပါတယ်။