တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၃၀ ရက်၊ ညနေ ၆ နာရီခွဲ)

ထားဝယ်ရှိ သံသယလူနာ ရောဂါပိုး မတွေ့ ထားဝယ်ဆေးရုံ သီးသန့်အဆောင်တွင်ထားရှိကုသနေသည့် သံသယလူနာတွင် ကိုရိုနာရောဂါပိုးပိုးမတွေ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထွေးမြစိုးက ဆိုသည်။ ယင်းဓာတ်ခွဲခန်းအဖြေကို ယနေ့ တွင်...

တိုင်းလွှတ်တော်အစည်းအဝေး ရက်အကန့်အသတ်မဲ့ရွှေ့

ဧပြီလ ၁ရက်တွင် ကျင်းပရန်ရှိသော တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၁၆ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာ ဗိုင်းရပ်စ်အရေးကြောင့် ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ဦးခင်မောင်အေးက ပြောသည်။

မြိတ်မြို့ရှိ ကာရာအိုကေ၊ စင်တင်ဆိုင်များ ပိတ်ရမည်

မြိတ်မြို့ရှိ ကာရာအိုကေ(KTV)များ၊ စင်တင်တေးဂီတဆိုင်များနှင့် ကျန်းမာရေးစင်တာ Gym ဆိုင်များအား ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၄ ရက်တွင် ထုတ်ပြန်လိုက်သည်။ ကိုရိုနာဗိုင်းရပ်စ်...

ကိုရိုနာဗိုင်းရပ်စ်ကိစ္စ အရေးပေါ်ရန်ပုံငွေမှ သုံးစွဲမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်းကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပြည်ထောင်စုမှ သီးခြားချထားပေးသည့် အရေးပေါ် ရန်ပုံငွေ ၁ ဘီလီယံ (ကျပ်သိန်းပေါင်း တစ်သောင်း)ထဲမှ သုံးစွဲသွားမည်ဟု ဝန်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။ တိုင်းဒေသကြီး Corona Virus...

စခန်းသွင်းခံ ပြည်တော်ပြန်တို့၏ ရင်ဖွင့်သံ

ရွာစာသင်ကျောင်းတွင် သီးခြား သွားနေရမည်ဟု ရွာတာဝန်ရှိသူတို့ အိမ်တွင်လာခေါ်စဉ်ကတော့ မပြုံး တစ်ယောက် နားဝင်ခါးခဲ့သည်။ ကိုယ်တစ်ယောက်တည်း အိမ်မှ ခွဲကာ သီးခြားနေရာမှ စခန်းသွင်းခံရမည် ဟု မိသားစုအားလုံးရှေ့တွင် လာခေါ်ခံရ သဖြင့် မိသားစုဝင်များနှင့် သူ့ကြားတွင်...

ဗြိတိန်မှာ ကိုရိုနာကို ရင်ဆိုင်ကြပုံ

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံ သားတွေ နိုင်ငံရပ်ခြားကနေ မြန်မာ ပြည်ကို အသီးသီး ပြန်လာနေကြတာ တွေ့ရတယ်။ အဓိကအားဖြင့် ထိုင်း နိုင်ငံမှာ အလုပ်တွေ ရပ်ကုန်လို့၊ သင်္ကြန် နားနီးလို့စတဲ့ အကြောင်းအမျိုးမျိုးနဲ့ ပြန်လာကြတာပါ။ အရေးပေါ် အခြေ အနေမှာ နိုင်ငံတိုင်းက...

ရေထွက်ပစ္စည်း ဈေးနှုန်းကျဆင်း

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရေထွက်ပစ္စည်းဈေးနှုန်း ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ဟု ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ဖြစ်သည့် မောတောင်နှင့် ထီးခီးနယ်စပ်ဂိတ် ဝင်ပေါက်ထွက်ပေါက်များကို ပိတ်လိုက် သဖြင့် ကော့သောင်း-ရနောင်းလမ်းမှ လှေဖြင့်ဝင်ကာ ထိုင်းဘက်သို့...

တနင်္သာရီတိုင်းအတွင်း လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့

တနင်္သာရီတိုင်းအတွင်းတွင် မတ် လ ၂၈ ရက်က ဆေးရုံသို့ တင်ပို့ထား သော လူနာအသစ်နှစ်ဦး ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိ သိရှိနိုင်ရန် ဓာတ်ခွဲ နမူနာကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃ ဦးထပ်တိုး ၊ စုစုပေါင်း ၈ ဦး ရှိလာ

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက မတ်လ ၂၈ တွင် သတင်း ထုတ်ပြန်သည်။ အဆိုပါ ရောဂါပိုးတွေ့ရှိသူများအနက် ၂...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။