ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုးတွေ့သူ ၃ ဦးထပ်တိုး ၊ စုစုပေါင်း ၈ ဦး ရှိလာ

0
319

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး တွေ့ရှိသူ ၃ ဦး ထပ်တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနက မတ်လ ၂၈ တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများအနက် ၂ ဦးမှာ အင်းစိန်မြို့နယ်နှင့် ဗဟန်းမြို့နယ်မှ ဖြစ်ပြီး နောက်တစ်ဦးမှာ နေပြည်တော်မှ အသက်(၅၈)နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

၎င်းတို့အား သက်ဆိုင်ရာဆေးရုံများတွင် သီးခြားထား ကုသမှုပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း အထက်ပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။