စီးပွားဖြစ် ပျဉ်းကတိုးစိုက်ခင်း ဧကတစ်ထောင်ကျော် စိုက်မည်

၂၀၂၀ ခုနှစ် မိုးရာသီတွင် မြို့နယ်ခြောက်ခု၌ စီးပွားဖြစ်ပျဉ်းကတိုးစိုက်ခင်းဧက တစ်ထောင်ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနထံမှ သိရသည်။ သစ်တောများပြုန်းတီးခြင်း၊ သစ်တောအတန်းအစားကျခြင်းမှ ကာကွယ်ရန်၊ နိုင်ငံတော်၏ သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာပြီး ရာသီဥတုပြောင်းလဲမှုလျော့ချရေးဆိုင်ရာ နိုင်ငံတကာ ကတိကဝတ်များအား...

နှစ်သစ်တွင် ကုမ္ပဏီသစ်ဖြင့် ထားဝယ်ခရိုင်လျှပ်စစ် ပေးမည်

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို တင်ဒါအောင်မြင်ထားသည့် Petro & Trans ကုမ္ပဏီက ဇန်နဝါရီလ ၁ ရက်တွင် တာဝန်ယူ ဖြန့်ဖြူးတော့မည်ဖြစ်ကြောင်း ယင်း ကုမ္ပဏီထံမှ သိရသည်။ Petro & Trans nကုမ္ပဏီက...

မွန်တွင် ဆားကွင်းဧက ၄၀၀၀ ကျော် ဆားကြမ်း ထုတ်လုပ်နေ

၂၀၁၉-၂၀၂၀ ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း ဆားကြမ်း ထုတ်လုပ်မှု ဧက ၄၀၀၀ ကျော် လုပ်ကိုင် နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း(မွန်ပြည် နယ်)ရုံးမှ သိရသည်။ ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားလုပ်တောင်သူ...

တစ်နှစ်အတွင်း သစ်မာတန်တစ်သောင်း ထုတ်ယူ

ယခုဘဏ္ဍာနှစ်တွင် တနင်္သာရီတိုင်း အတွင်းရှိ သစ်တောကြိုးဝိုင်းနှစ်ခုမှ သစ်မာတန်တစ်သောင်း ထုတ်ယူမည် ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်း တိုင်း ဒေသကြီး တာဝန်ခံထံမှ သိရသည်။ ထားဝယ်ခရိုင်ရှိ နွားလပို့ကြိုးဝိုင်း တွင် သစ်မာတန်ချိန် နှစ်ထောင်နှင့် မြိတ်ခရိုင်ရှိ သကျက်ကြိုးဝိုင်းတွင်...

အုန်းသီးမှ အိမ်သုံးဆီ စတင်ထုတ်လုပ်

မြိတ်မြို့တွင် အုန်းသီးများမှ ချက်ပြုတ် စားသောက်နိုင်သည့် အိမ်သုံးဆီတစ်မျိုးအား စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း King Island (ကျွန်းဘုရင်) အမှတ်တံဆိပ်ဖြင့် အုန်းဆီဘူးများ ထုတ်လုပ် ရောင်းချနေသူ ဦးမျိုးအောင်ထံမှ သိရသည်။ ကျန်းမာရေး အာဟာရဖြည့်နှင့် ဘက်စုံအသုံးပြုနိုင်သည့် အုန်းဆီဘူးများအား...

တည်းခိုခန်းအမည် မြန်မာလို မရေးက ထောင်ကျနိုင်

တနင်္သာရီတိုင်းအတွင်းရှိ စည်ပင် သာယာရေးအဖွဲ့ လိုင်စင်ဖြင့် ဖွင့်လှစ် ထားသည့် တည်းခိုခန်းအမည်ကို မြန်မာလိုဖြင့်သာ ရေးသားရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ် သို့မဟုတ် ငွေကျပ်သိန်းနှစ်ရာ ချမှတ်နိုင်သည့် ဥပဒေဖြင့် အရေး ယူတော့မည် ဖြစ်သည်။

ဒီဇင်ဘာရုံးပိတ်ရက် ဟိုတယ်၊ တည်းခိုခန်း ကြိုတင်ငှားရမ်းမှု ကျဆင်း၊ အခန်းဈေးများ လျှော့ချ

ထားဝယ်တွင် ဒီဇင်ဘာရုံးပိတ်ရက် အတွက် ဟိုတယ်နှင့်တည်းခိုခန်း ကြိုတင် ငှားရမ်းမှု ကျဆင်းနေသဖြင့် အခန်းခများ လျှော့ချထားရကြောင်း ဟိုတယ်နှင့် တည်းခိုရိပ်သာအချို့မှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာရုံးပိတ်ရက်တွင် ဟိုတယ်အခန်း ကြိုတင်ငှားရမ်းမှု ပြည့်ခဲ့ပြီး...

ထန်းရည်လိုင်စင်ခွင့်ပြုရန် တင်ပြ

ထားဝယ်ခရိုင်အတွင်း ထန်းရည် ရောင်းချခွင့် လေလံလိုင်စင်ပေးရန် ရုံးချုပ်ကို တင်ပြထားကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးက ပြောသည်။ ထန်းရည်လေလံလိုင်စင်ခွင့်ပြုနိုင် ရန် ပြီးခဲ့သည့် သုံးလခန့်ကပင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်ထံ တင်ပြထားပြီး ထန်းရည်ဆိုင်ရှိသည့် မြို့နယ်တစ်ခုလျှင် လေလံလိုင်စင်လေးခု...

လယ်သမားများထံမှ စပါးဝယ်ယူရန် တနင်္သာရီတိုင်းအစိုးရ စီစဉ်

တနင်္သာရီတိုင်းအတွင်းရှိ လယ်သမားများထံတွင် စပါးဝယ်ယူရန်အတွက် တနင်္သာရီတိုင်းအစိုးရ အဖွဲ့က စီစဉ် ဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ထံ ဒီဇင်ဘာလ ၁၇ ရက်က တင်ပြ ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ဟိုတယ်လိုင်စင်ရှိက ယစ်မျိုးလိုင်စင် ချပေးမည်

လိုင်စင်ရှိသည့် ဟိုတယ်များကို ယစ်မျိုးလိုင်စင် ချပေးတော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားသည့် ဟိုတယ်လိုင်စင်ရှိသူများ လာလျှောက်နိုင်ပြီး ၎င်းမှ တစ်ဆင့် ထွေ/အုပ်ရုံးချုပ်ကို ဆက်လက် တင်ပြမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက...