မွန်တွင် ဆားကွင်းဧက ၄၀၀၀ ကျော် ဆားကြမ်း ထုတ်လုပ်နေ

0
640

၂၀၁၉-၂၀၂၀ ဆားထုတ်လုပ်ရာသီတွင် မွန်ပြည်နယ်အတွင်း ဆားကြမ်း ထုတ်လုပ်မှု ဧက ၄၀၀၀ ကျော် လုပ်ကိုင် နေသည်ဟု သတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်း ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း(မွန်ပြည် နယ်)ရုံးမှ သိရသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားလုပ်တောင်သူ ၉၁ ဦးတို့မှ ဆားကွင်း ဧကပေါင်း ၄၂၀၀ ဆားထုတ်လုပ်မှု လိုင်စင်ရယူထားပြီး ဆားကြမ်းထုတ်လုပ် လျက်ရှိကာ ယမန်နှစ်ကထက် ဆားလုပ် တောင်သူနှင့် ဆားကွင်းဧက တိုးလာ သည်ဟု အထက်ပါရုံးမှ ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ပြောသည်။

“မိုးမဖျက်ဘူးဆိုရင် ကုန်ကျစရိတ်ထက် ပိုရနေတော့ လုပ်တဲ့လူတွေက များလာတယ်”ဟု ဦးခင်စိုးက ပြောသည်။

ယမန်နှစ်က မွန်ပြည်နယ်၌ ဆားလုပ်တောင်သူ ၈၉ ဦးတို့မှ ဆားကွင်း ၃၃၉၀ ဧကခန့်သာ လုပ်ကိုင်ခဲ့ကြသည်ဟု အထက်ပါရုံး စာရင်းအရ သိရသည်။

ယခုနှစ်တွင် ဆားကွင်းတိုးလာ သည့်အတွက် ဆားကြမ်းထုတ်လုပ်နိုင်မှု ကို မက်ထရစ်တန်ချိန် ၄၂၀၀၀ ခန့် ထုတ်လုပ်ရရှိရန် လျာထားသည်ဟု ပြည်နယ်ဦးစီးမှူး ဦးခင်စိုးက ဆက်ပြောသည်။

“ဒီနှစ် ရာသီဥတု အခြေအနေကောင်း တော့ ဒီလ (ဒီဇင်ဘာလ)မှာဆိုရင် ဆားကြမ်းတွေ စထွက်နေကြပြီ။ ဆားက ရာသီဥတု မဖျက်ဘူးဆိုရင် ဒီဇင်ဘာ ဇန်နဝါရီလဆိုရင် ထွက်ပြီ။ ရာသီဥတု ဖျက်ရင်တော့ နောက်ကျတာပေါ့”ဟု သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်မှ ထွက်သည့် ဆားများ ကို ပြည်နယ်အတွင်းအသုံးပြုပြီး ပိုလျှံ သည့်ဆားများကို အထက်မြန်မာပြည် မန္တလေးဈေးကွက်နှင့် တနင်္သာရီတိုင်း ဒေသကြီးဘက်ရှိ ငါးလုပ်ငန်းဈေးကွက် များသို့ အဓိက တင်ပို့ရောင်းချသည်ဟု လည်း ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း မှ သိရသည်။

Dawei Watch