သင်္ကြန်ရေမပက်ရန် အစိုးရ မေတ္တာရပ်ခံ

သင်္ကြန်ကာလအတွင်း ရေလောင်း၊ ရေပက်ခြင်းမပြုရန် တနင်္သာရီတိုင်းအစိုးရအဖွဲ့က မေတ္တာရပ်ခံလိုက်သည်။ လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေသဖြင့် ကလေးသင်္ကြန်အပါအဝင် သင်္ကြန်ပွဲတော်ကာလတွင် ရေလောင်း၊ ရေပက်ခြင်းမပြုရန် မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ရုံး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။

ရေလှူသူနည်းပါးသဖြင့် ကျေးရွာအချို့ ရေအခက်တွေ့

ယခုနှစ်တွင် ရေရှားသည့်အချိန်စောသည့်အပြင် ရေလှူသည့်သူပါနည်းပါးနေသဖြင့် ထားဝယ်ခရိုင်ရှိကျေးရွာအချို့ သောက်သုံးရေအခက်အခဲဖြစ်နေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအချို့နှင့် ရေလှူဒါန်းနေသူအချို့ထံမှ သိရသည်။ ယခင် ရေလှူနေကျသူများသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးကိုသာ လုံးပမ်းနေကြသဖြင့် ရေလှူမည့်ကိစ္စကို အာရုံမစိုက်နိုင်ဘဲဖြစ်နေကြကြောင်း ရေရှားသည့်ကာလတွင် ပုံမှန်ရေလှူဒါန်းနေသူ အချို့ကပြောသည်။

နယ်စပ်တွင် နေထိုင်သူများ ခရီးသွားချိန် ရပ်ကျေးထောက်ခံချက်ယူရမည်

ထိုင်းနိုင်ငံနှင့် မြန်မာနယ်စပ်ဖြစ်သည့် ထီးခီး၊ မောတောင်ဒေသတွင် နေထိုင်သူများ ခရီးသွားပါက ယင်းဒေသတွင်နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ရှိရမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ ခရီးသွားရာတွင် ယင်းကဲ့သို့ သက်ဆိုင်ရာ...

ကိုဗစ်ဂယက်ကြောင့် ကင်းမွန်ဈေး ထက်ဝက်ပြုတ်ကျ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသော ကိုဗစ်ရောဂါဂယက်ကြောင့် ဒေသထွက်ကင်းမွန် ဈေးနှုန်းများ ထက်ဝက်ပြုတ်ကျသွားခဲ့ကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ ကပ်ဘေးမဖြစ်မီ ကင်းမွန်တစ်ဘန်းလျှင် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းအထိဈေးပေါက်ခဲ့သော်လည်း ယခုအခါ တစ်ဘန်းလျှင် ကျပ်လေးသောင်းခွဲမှ ကျပ်ငါးသောင်းခန့်သာ ဈေးရှိတော့ကြောင်း ကင်းမွန်လုပ်ငန်းရှင်များထံမှ သိရသည်။

တနင်္သာရီတိုင်းဥပဒေသစ်နှစ်ခု အတည်ပြုမည်

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ဥပေဒ နှစ်ခု အတည်ပြုရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး ထံမှ သိရသည်။ အစည်းအဝေးတွင် ဥပဒေသစ်နှစ်ခုကို...

တနင်္သာရီတိုင်းအတွင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၈၊ ညနေ ၆ နာရီခွဲ)

လူနာအသစ်နှစ်ဦး ဓာတ်ခွဲနမူနာပို့ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ သိနိုင်ရန် လူနာအသစ်နှစ်ဦး၏ ဓာတ်ခွဲနမူနာကို မတ်လ ၂၈ ရက်နေ့(ယနေ့)က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ထားကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

တပ်ကတရားစွဲထားသည့် ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့အမှု ချေဖျက် ခွင့်တင်

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅က ဖြင့်တပ်မတော်မှတရားစွဲထားသည့်ဗိုလ်ကြီးဟောင်းနေမျိုးဇင်နှင့် အမှုတွဲတရားလွှတ်တော်ရှေနေ ဦးကြီးမြင့်နှင့် ကဗျာဆရာစောဝေတို့အမှုကို တိုင်းတရားလွှတ်တော်သို့ အမှုချေဖျက်ခွင့်တင်သွင်းထားကြောင်း ရှေ့နေဦးကြီးမြင့်က ပြောသည်။ ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဧပြီလက ကော့သောင်းတွင်ပြုလုပ်ခဲ့သည့် “၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ဦး...

တနင်္သာရီတိုင်း ဆန်မပြတ်ဟု အာမခံ

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်း အတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ လက်ရှိတွင် တိုင်းအတွင်း ဆန် မပြတ်လပ်စေရေးနှင့်...

ရပ်ကျေးများ ဝါးတားဂိတ်ဖြင့် ပိတ်ဆို့ကန့်သတ်ခွင့်မရှိ ဟုဆို

ကိုဗစ် ၁၉ ရောဂါကာလတွင် ရပ်ကွက်ကျေးရွာများတွင် ရပ်ရွာအစီအစဉ်ဖြင့် ဝါးတားဂိတ်များလုပ်ကာ ပိတ်ဆို့ကန့်သတ်ခြင်း (LockDown) ပုံစံကဲ့သို့ လုပ်ခွင့်မရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးကျော်မင်းက ပြောသည်။ မြန်မာနိုင်ငံတွင် ကိုရိုနာရောဂါကူးစက်မှုများလာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင်...

ဒေါက်တာလဲ့လဲ့မော်အမှု လက်ရှိ ဝန်ကြီးချုပ်နှင့် တိုင်းအတွင်းရေးမှူးကို သက်သေအဖြစ် စစ်မည်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် လက်ရှိ ဝန်ကြီးချုပ်ဦးမြင့်မောင်နှင့် တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူးတို့ကို တရားခံပြသက်သေအဖြစ် စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။ အမှု၏ ၅၉ ကြိမ်မြောက် ရုံးချိန်းဖြစ်သည့် ဧပြီလ ၂၉...