ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့ခံစားခွင့် တနင်္သာရီတိုင်းရရှိ

0
598

ကိုရိုနာရောဂါပိုး ကာကွယ်ထိန်း ချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ် ၁၅၀ အခမဲ့သုံးစွဲခွင့်ကို တနင်္သာရီတိုင်းသား များ ခံစားခွင့်ရမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

လျှပ်စစ်ယူနစ် ၁၅၀ ခံစားခွင့်ရရေး အတွက် မဟာဓာတ်အားလိုင်း လျှပ်စစ် ယူနစ်ဈေးနှုန်းဖြင့် ပြည်ထောင်စုအစိုးရထံ တွက်ချက်တင်ပြထားရာ ခွင့်ပြု ကြောင်း အကြောင်းကြားလာသည်ဟု ၎င်းက ဆိုသည်။

ထိုယူနစ် ၁၅၀ အခမဲ့ခံစားခွင့် အတွက် ဒေသပေါက်ဈေးနှုန်းအတိုင်း တွက်ချက်ပြီး ငွေကျပ် ၅ ဒဿမ ၈ ဘီလီယံ ပေးရန် တောင်းခံခဲ့ဖူးသော် လည်း ပြည်ထောင်စုက ခွင့်မပြုခဲ့ပေ။

ထိုကြောင့် ယူနစ် ၁၅၀ ကို မဟာ ဓာတ်အားလိုင်း ဈေးနှုန်းအတိုင်းတွက် ချက်ပြီး တောင်းခံမှသာ ခွင့်ပြုခဲ့ကြောင်း ဦးအောင်သူရက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း မီတာ အလုံးရေ တစ်သိန်းလေးသောင်းကျော် ရှိပြီး ပြည်ထောင်စုထောက်ပံ့ငွေမရမီက မီတာတစ်လုံးလျှင် ငွေကျပ် ငါးထောင် နှုန်းကို တိုင်းအစိုးရရန်ပုံငွေဖြင့်ထောက် ပံ့ထားသည်။

တနင်္သာရီ အတွက် လျှပ်စစ် ယူနစ် ၁၅၀ အခမဲ့

လက်ရှိပြည်ထောင်စုက မဟာ ဓာတ်အားလိုင်းနှုန်းထားအတိုင်း ထောက်ပံ့ ငွေကို မေလအတွက် ဓာတ်အားခပေးသွင်း ချိန်တွင် တိုင်းအစိုးရကထောက်ပံ့ထား သည့် ငါးထောင်ကျပ်ကို နုတ်ကာ ခုနှိမ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

ဥပမာအားဖြင့် ဧပြီလ လျှပ်စစ် ယူနစ် ၁၅၀ အခမဲ့အတွက် ငွေကျပ် ၁၁၅၅၀ ရရှိမည်ဆိုပါက တိုင်းအစိုးရ ထောက်ပံ့သည့် ငါးထောင်ကျပ် နုတ်ယူ မည်ဖြစ်သည်။

ကျန်ငွေ ၆၆၅၀ ကျပ်ကို မီတာခပေး ဆောင်ရမည့်ငွေမှ ခုနှိမ်ပေးမည်ဖြစ်ပြီး သုံးစွဲယူနစ်နည်းနေပါက ပိုငွေကို ပြန်ထုတ် ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်ထောင်စုက ပေးမယ်လို့ပဲ ပြောထားတုန်းပဲရှိသေးတယ်။ ဒါပေမယ့် ငွေကမရသေးဘူးပေါ့”ဟု ဝန်ကြီး ဦးအောင်သူရက ပြောသည်။

ယင်းထောက်ပံ့ပေးမည့် ငွေကြေး မှာ သက်ဆိုင်ရာမီးလင်းရေးကုမ္ပဏီများ က ဒေသအလိုက် အခမဲ့သုံးစွဲခွင့်ပြုခဲ့ သည့် ယူနစ်ပမာဏနှင့် သက်ဆိုင်ခြင်း မရှိပေ။

တနင်္သာရီတိုင်းက ဧပြီလအတွက် လျှပ်စစ်ယူနစ်အခမဲ့သုံးစွဲခွင့်ရမည်ဟု ပြောဆိုချိန်တွင်ပင် မေလအတွက် လျှပ်စစ် ယူနစ် ၁၅၀ ခံစားခွင့်ပြုကြောင်း ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ယင်းကာလမတိုင်မီ မေလ ၁၅ ရက်အထိ လျှပ်စစ် ၇၅ ယူနစ်ကို အခမဲ့ သုံးစွဲခွင့်ပြုမည်ဟု လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ ၇၅ ယူနစ်အခမဲ့ခံစားခွင့် ရရှိရေးအတွက်လည်း ပြည်ထောင်စု အစိုးရထံ တင်ပြထားကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

မြန်မာနိုင်ငံအတွင်းရှိ အခြားဒေသ များခံစားခွင့်ပြုသည့်နည်းတူ တန်းတူ အခွင့်အရေးအရ တနင်္သာရီတိုင်းသားများလည်းခံစားခွင့်ရသင့်ကြောင်း တနင်္သာရီ သယံဇာတ အကျိုးခံစားခွင့်ရရှိရေး ကော်မတီ (ထားဝယ်)ဝင် ဦးဇော်သူရက ပြောသည်။

လျှပ်စစ်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ရေတိုကုစား သည့်နည်းတူ ရေရှည်စီမံကိန်းချကာ လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

“တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ဆိုတာ စာအုပ်ထဲမှာရေးပြီး တော့လေ ဝါဒဖြန့်တဲ့ဟာ လောက်မဟုတ် ဘဲနဲ့ တစ်ကယ့်လက်တွေ့ကျကျ အကောင် အထည်ဖော်စေချင်တယ်ပေါ့နော်”ဟု ဦးဇော်သူရက ပြောသည်။

Dawei Watch