Tag: လက်နက်ကြီး
ပုလောကျေးရွာအချို့ကို ညအချိန် လက်နက်ကြီးဖြင့်ပစ်ခတ်နေ
မြိတ်ခရိုင်၊ပုလောမြို့နယ်ရှိ ကျေးရွာအချို့ကို ပုလောစစ်ကောင်စီတပ်က ညအချိန်လက်နက်ကြီးများနှင့် ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။
ပုလောအရှေ့ခြမ်းရှိ နန်းတောင်၊ကျောင်းနိမ့်နှင့် မှော်မိကျေးရွာများသို့ သြဂုတ်လ ၁၃ ရက်နှင့် ၁၄ ညများတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။
တကူကျေးရွာအုပ်စုအတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုအတွင်းသို့ ယနေ့ ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ (ဩဂုတ် ၇) ညနေ ၅ နာရီဝန်းကျင်က တကူကျေးရွာအုပ်စုရှိ ကော်တောရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်...
ပုလောအရှေ့ဖျားရွာများဖက်သို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ
ပုလောမြို့နယ်၊ အရှေ့ဖျားဒေသရှိ ကျေးရွာများဖက်သို့ ဇွန်လ ၂၈ ရက် ညတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
အရှေ့ဖျားဒေသရွာများဖြစ်သည့် နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ပုလောကုန်း၊ ရှမ်းဒွတ် စသည့် ကျေးရွာများဖက်သို့...
လက်နက်ကြီးကျည်စထိမှန်၍ ကျောင်းဆရာမနှင့် တစ်နှစ်ကျော်အရွယ်သမီးငယ် သေဆုံး
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အစူးချောင်းကျေးရွာထဲသို့ ဇွန်လ ၂၃ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ကျောင်းဆရာမနှင့် ၎င်း၏ တစ်နှစ်နှင့်နှစ်လသားအရွယ် သမီးငယ်တို့ သေဆုံးကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်တပ်ရှိသည့် ဘီးလင်းမြို့နယ် နတ်ကြီးစခန်းဘက်မှ လက်နက်ကြီးဖြင့်...
ပုလောအရှေ့ခြမ်းက ရွာသုံးရွာ လက်နက်ကြီးပစ်ခတ်ခံရ
ပုလောအရှေ့ခြမ်းက ကျေးရွာသုံးရွာ ယနေ့ (ဇွန် ၁၃) နံနက်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေကြောင်း ဒေသခံများက ပြောသည်။
ယနေ့ နံနက် ၇ နာရီဝန်းကျင်မှစတင်ကာ ရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ဂျက်ဂါ၊ မှော်မိ၊...
ပုလော ဂျက်ဂါရွာသို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးလည်းပစ်သဖြင့် ရွာသားများထွက်ပြေးရ
မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဂျက်ဂါရွာသို့ စစ်ကောက်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ၎င်းတို့ထံမှသိရသည်။
ဂျက်ဂါရွာသို့ ခန့်မှန်းအင်အား တစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ယနေ့ (ဇွန် ၈) နံနက် ၈ နာရီတွင် ရောက်ရှိလာပြီး...
လယ်သစ်ရွာတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်သုံးလုံးပျက်စီး
တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့်လူနေအိမ်သုံးလုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။
လယ်သစ်ကျေးရွာအနောက်ကမ်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်သစ်အရှေ့ကမ်းရှိ အဆိုပါဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်သုံးလုံးမှာ အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမှာ တစ်ခြမ်းမီးလောင်သွားကြောင်း ဒေသခံများကပြောသည်။