တနင်္သာရီတိုင်း အစိုးရဖွဲ့ရုံးဝန်ကြီးအိမ်ရာ လက်နက်ကြီးဖြင့် ဒုတိယအကြိမ်ပစ်ခံရ

0
2423

ထားဝယ်မြို့ထဲတွင်ရှိသည့် တနင်္သာရီတိုင်း အစိုးရဖွဲ့ဝန်ကြီးအိမ်ရာကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့က ဇူလိုင်လ ၁၆ ရက် ည ၁၁ နာရီအချိန်တွင် ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အထက်ပါအဖွဲ့ကထုတ်ပြန်ခဲ့သည်။

ဇွန်လ ၁၆ ရက် ညည့်နက်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများ ကြားရခြင်းဖြစ်ကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

“အဲဒီနေ့က မိုးကလည်ရွာနေတယ်။ လက်နက်ကြီးသံကလည်း တစ်ဗုံးဗုံးဘယ်နားကျတယ်ဆိုတာသာမသိရတာ”ဟု၎င်းမြို့ခံတစ်ဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် အထူးပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေနေစုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ယင်းတိုက်ခိုက်မှုတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး ဦးစီးဌာနရုံးနှင့် ကမြောကင်းတံတား အနီးရှိ ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်သားများရှိသည့်နေရာကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကလည်း အထက်ပါနေရာများ တိုက်ခိုက်ခံရသေးသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် တစ်လကျော်ကြာတွင် ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်ခံရခြင်းလည်းဖြစ်သည်။