အသက် ၁၆ နှစ်နဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကစားခွင့်ရသွားတဲ့ ကိုရီးယားသူလေး

0
2604

လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကိုရောက်ရင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်တွေအဖြစ် ကျင်းပသွားဖို့ ရှိနေတာက ဩစတြေးလျနဲ့ နယူးဇီလန် တို့ပါပဲ။

ဒီနှစ်ကမ္ဘာ့လားပြိုင်ပွဲကို အာဆီယံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိတာက ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာ မိတ်ဆက်ပေးချင်တာကတော့ တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းမှာ ပါဝင်လာမယ့် ကေစီယူဂျင်း ဆိုတဲ့ ဘောလုံးမယ်လေးပါပဲ။

ဘာကြောင့်လဲဆိုတော့ ကေစီယူဂျင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အသက် ၁၆ နှစ်အရွယ်မှာတင် ပါဝင်ကစားခွင့်ရတဲ့သူ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။