မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်လိမ့်မယ်

0
175

ပရီးမီးယားလိဂ်ဟာ ရာသီသိမ်းဖို့ နီးကပ်လာပါပြီ။ ပန်းဝင်ခါနီးမှာ ချန်ပီယံပြေးလမ်းထက် ရပ်တည်နေတာကတော့ မန်စီးတီး၊ အာဆင်နယ်နဲ့ လီဗာပူးတို့ပါပဲ။

စူပါဆန်းဒေးညမှာ လီဗာပူးနဲ့ အာဆင်နယ်တို့ ခြေချော်သွားတာကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆီ တက်လှမ်းခွင့်ရသွားခဲ့ပါပြီ။ ဒီ ၃ သင်းလုံးဟာ မန်ယူရဲ့ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြပါတယ်။

ဒါပေမဲ့ ဒီဘောလုံးရာသီမှာ ဒီ ၃ သင်းထဲက တစ်သင်း ချန်ပီယံဖြစ်တော့မယ်ဆိုတာကိုတော့ ပကတိ အရှိတရားအတိုင်း လက်ခံပေးရတော့မှာပါ။

စစ်မှန်တဲ့ မန်ယူဖန်တစ်ယောက်ဆိုရင် ဒီ ၃ သင်းထဲက ဘယ်အသင်း ချန်ပီယံဖြစ်တာကို မြင်ခွင့်ရချင်ပါသလဲ။

မန်ယူဖန်အစစ်ဆိုရင် အာဆင်နယ် ဗိုလ်စွဲတာကိုပဲ မြင်ချင်ရလိမ့်မယ် လို့ ယူဆမိပါတယ်။