23.9 C
Dawei
Wednesday, August 17, 2022
Home Tags ရွှေ့ပြောင်းလုပ်သား

Tag: ရွှေ့ပြောင်းလုပ်သား

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၂၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စူခိုထိုင်းခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၉ ဦးကို ဩဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ လမ်းဖန်းခရိုင်မှတဆင့် မြန်မာအလုပ်သမားများကို ဗန်ကားဖြင့် တင်ဆောင်လာသည်ဟု...

မလေးရှားတွင် တရားမဝင် မြန်မာလုပ်သားတစ်ရာကျော် တိုက်ခန်းများအတွင်း ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ဆယ်လန်ဂေါပြည်နယ် ကာဂျမ်းမြို့ရှိ တိုက်ခန်းများအတွင်း၌ တရားမဝင်နေထိုင်လျက်ရှိသော မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဩဂုတ်လ ၈ရက် ညသန်းခေါင်အချိန်တွင် မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) က ဝင်ရောက်ဖမ်းဆီးကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။ လူနေတိုက်ခန်းများတွင် နိုင်ငံခြားသားများ...

ပွဲစားလိမ်ခေါ်လာသည့် မြန်မာလုပ်သား ၂၀၀ကျော် ရနောင်းတွင် ပိတ်မိ

ထိုင်းနိုင်ငံသို့ တရားဝင်လမ်း‌ကြောင်းဖြင့် ပို့ဆောင်ပေးမည်ဟု ပွဲစားတစ်‌ဦးက လိမ်လည်ခေါ်ဆောင်လာသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် ရနောင်းမြို့တွင် ပိတ်မိနေကြောင်း စုံစမ်းသိရှိရသည်။ ကော့သောင်းမြို့တဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းမြို့တွင် ပိတ်မိနေသူများမှာ မကွေး၊ ပဲခူး၊ ဧရာဝတီတို့မှ ဖြစ်ပြီး...

မြန်မာမိန်းကလေးအား အဓမ္မကျင့်သည့် ထိုင်းတက္ကစီသမားကို ထောင်ဒဏ် ၁၃နှစ်ကျော်ချ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆယ်ကျော်သက် မြန်မာမိန်းက‌လေးတစ်ဦးကို လိမ်လည်ခေါ်ဆောင်ကာ လက်ထိပ် ခတ်ပြီးအဓမ္မပြုကျင့်ခဲ့သော ထိုင်းနိုင်ငံသားတက္ကစီယာဉ်မောင်းကို ဩဂုတ်လ ၂ရက်တွင် တရားရုံးက ထောင်ဒဏ် ၁၃နှစ်ကျော် ပြစ်ဒဏ်ချမှတ်လိုက်သည်။ အသက် ၃၉ အရွယ် Adrik Sae...

ထိုင်းမှ ပြန်လွှဲပြောင်ပေးသည့် မြန်မာ ၁၂ ဦးတွင် ကိုဗစ်ပိုးတွေ့

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူ မြန်မာအလုပ်သမား ၁၇၀ ကျော်အနက် ၁၂ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဌာနထံမှ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၁၀၉ဦးနှင့် အမျိုးသမီး ၆၃ ဦး...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင်မြန်မာလုပ်သား ၂၁ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရှိ နေရာသုံးနေရာတွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၂၁ ဦးကို ဇူလိုင်လ ၃၀ နှင့် ၃၁ ရက်များတွင် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ကန်ချနဘူရီခရိုင်အတွင်းရှိ...

ထိုင်းတွင် ဒဏ်ရာများဖြင့်ရေထဲ၌ သေဆုံးနေသည့် မြန်မာလုပ်သားတစ်ဦး အလောင်းတွေ့

ထိုင်းနိုင်ငံ စမူစခွန်ခရိုင်တွင် ဒဏ်ရာများဖြင့် ရေထဲတွင် သေဆုံးကာ ပေါလောပေါ်နေသော မြန်မာအလုပ်သမား တစ်ဦး၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၁ ရက်နေ့တွင် တွေ့ရှိရကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စမူစခွန်ခရိုင် ကရထုမ်ဘယ်ဒေသ ဝါတ်နမ်စောင်ဘုန်းကြီးကျောင်းအနီး ထာ့ကျင်းမြစ်ထဲ၌...

လေးလအတွင်း ထိုင်းမှ ပြန်လွှဲပေးသည့် မြန်မာလုပ်သား ၇၅၀ကျော်ရှိ

ယခုနှစ် မတ်လမှ ဇွန်လအထိ လေးလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ မြန်မာဘက်ရှိ ကော့သောင်းမြို့သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၇၅၀ ကျော်ရှိကြောင်း ဘန်‌ကောက်အခြေစိုက်မြန်မာအလုပ်သမားသံအရာရှိရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ မတ်လ ၁ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား...

ထိုင်းတွင် ကားတစ်စီး ရေစီးထဲမျောပါ၊ မြန်မာလုပ်သား နှစ်ဦးပျောက်ဆုံး

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ယနေ့ ကားတစ်စီး ရေထဲမျောပါသွားပြီး ကားပေါ်လိုက်ပါလာသည့် မြန်မာအလုပ်သမား နှစ်ဦး ပျောက်ဆုံးနေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။ ထိုင်းနိုင်ငံသား မောင်းနှင်လာပြီး မြန်မာအလုပ်သမား ၂ ဦး လိုက်ပါလာသော ပစ်ကပ်ကားသည်...

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။ ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား...