24.4 C
Dawei
Wednesday, August 10, 2022
Home Tags ဖမ်းဆီးခံရ

Tag: ဖမ်းဆီးခံရ

ကော့သောင်းမှတဆင့် ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၅၈ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ကော့သောင်းနယ်စပ်မှတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၅၈ ဦးကို ယနေ့ (ဇူလိုင်၂၆) ဖမ်းဆီးရမိကြောင်း အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ တရားမဝင် မြန်မာအလုပ်သမားများ လိုက်ပါလာသော...

လောင်းလုံး ရေဖြူရွာ ဒေသခံသုံးဦး အဖမ်းခံရ

လောင်းလုံးမြို့နယ် ရေဖြူကျေးရွာဒေသခံ သုံးဦးကို ယနေ့ (ဇူလိုင် ၂၆) နံနက် ၃နာရီခန့်တွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူများမှာ ရေဖြူတံတားအနီးက ကုန်စုံဆိုင်ပိုင်ရှင် ဦးမောင်လွင်၊ ဒေါ်ဇာဇာမြင့်တို့ ဇနီးမောင်နှံနှင့် ရေဖြူအထက်တန်းကျောင်းအနီးနေထိုင်သည့်...

ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦး ရွာပြန်ရောက်၊ တစ်ဦးပြန်မလွတ်လာသေး

လောင်းလုံးမြို့နယ် ပညစ်ရွာ ကျောင်းထိုင်ဆရာတော်နှင့် ဒေသခံငါးဦးမှာ ရွာသို့ပြန်လည်ရောက်ရှိနေပြီ ဖြစ်သော်လည်း တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၂၄ရက် နံနက် ၇နာရီကျော်က လောင်းလုံးမြို့ရှိ အလှူသို့ ကြွ‌ရောက်သည့် ဆရာတော်နှင့်...

ကော့သောင်းဘက်မှ ထိုင်းသို့ တရားမဝင် ဝင်ရောက်သောမြန်မာလုပ်သား ၅၈ ဦး ဖမ်းဆီးခံရ

ကောင်းသောင်းဘက်မှ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖွန်နှင့် ရနောင်းခရိုင်တို့ကို တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၅၈ ဦးအား ဇူလိုင်လ ၁ဝရက်နေ့တွင် ဖမ်းဆီးရမိကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ များက ထုတ်ပြန်ထားသည်။ ချွန်ဖွန်ခရိုင် ထာ့စဲဒေသတွင် ပစ်ကပ်ကား...

ထိုင်း ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၉ဦး အဖမ်းခံရ

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၉ ဦးကို ကန်ချနဘူရီ ခရိုင်တွင် ဇွန်လ ၂၅ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသရှိ နေအိမ်တစ်အိမ်တွင် ခရီးဆက်ရန်...

ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လေးဦး ပစ်ခတ်ဖမ်းဆီးခံရ၊ တစ်ဦးသေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌအပါအဝင် လူလေးဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ပစ်ခတ်ဖမ်းဆီးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း ပစ်ခတ်ခံရသူများနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၊...

လောင်းလုံး ပညစ်ရွာသားသုံးဦးအဖမ်းခံရပြီး ‌ရွာသားနှစ်ရာခန့် ထွက်ပြေးတိမ်းရှောင်

လောင်းလုံးမြို့နယ်၊ ပညစ်ရွာသို့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ အိမ်ခြေ ၁၈၀ ခန့်ရှိသည့် ယင်းကျေးရွာက...

လောင်းလုံး တီဇစ်ရွာသားငါးဦး ဖမ်းဆီးခေါ်ဆောင်ခံရ

လောင်းလုံးမြို့နယ်၊ တီဇစ်ကျေးရွာမှ ရွာသားငါးဦးကို ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က စစ်သင်္ဘောဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၈ ရက်နေ့ ညနေပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကုန်းကြောင်း၊ ရေကြောင်း...

ပုလောမြို့တွင် ဆိုင်ပိုင်ရှင်ငါးဦး ဖမ်းဆီးခံရ

မြိတ်ခရိုင် ပုလောမြို့တွင် ကုန်မာဆိုင်ပိုင်ရှင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်ညက ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့ (ဇွန် ၁၆) အာရုံတက်ချိန်တွင်လည်း ကုန်မာဆိုင်ပိုင်ရှင်...

ပုလော မင်းထိန်ရွာက ဖမ်းဆီးခံရသူ သုံးဦး ပြန်မလွတ်သေး

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခံရသူ အမျိုးသားခုနစ်ဦးအနက် လေးဦး လွတ်မြောက် လာပြီဖြစ်သော်လည်း သုံးဦး ပြန်လည်လွတ်မြောက်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၅ ရက်နေ့က ဖမ်းဆီးခံရသူ ခြောက်ဦးနှင့် မေလ...